တောင်ကိုရီးယားက စက်ရုံ ၁ ခုမှာ စက်ရုပ်က ဝန်ထမ်းကို ဟင်းသီးဟင်းရွက် ထည့်ထားတဲ့ ဘူးနဲ့ မှားသွားတဲ့အတွက် ဝန်ထမ်းဟာ ဒဏ်ရာ ပြင်းထန်စွာ ရသွားပါတယ်။ ဒီဖြစ်ရပ်ဟာ နိုဝင်ဘာလ ၇ ရက်နေ့မှာ တောင်ကိုရီးယားရဲ့ Gyeongsang ပြည်နယ်မှ လယ်ယာထွက်ကုန် ဖြန့်ဖြူးရေး စက်ရုံ ၁ ခုမှာ ဖြစ်ပွားခဲ့တာပါ။

အသက် ၄၀ အရွယ် အမျိုးသား ဝန်ထမ်းဟာ စက် ၁ လုံးရဲ့ ဆန်ဆာတွေကို စစ်ဆေးနေတဲ့ အချိန်မှာ စက်ရုပ်က သူ့ကို ဟင်းသီးဟင်းရွက် ထည့်ထားတဲ့ ဘူးနဲ့ မှားကာ မချီပြီး ဖိနှိပ်ခဲ့တာပါ။ အဲဒီအတွက် ဝန်ထမ်းဟာ မျက်နှာနဲ့ ရင်ဘတ်မှာ ဒဏ်ရာပြင်းထန်စွာ ရခဲ့ပါတယ်။

အဲဒီ လူကို ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာ ပြင်းထန်တာကြောင့် သေဆုံးသွားပါတယ်။ ရဲတွေက ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပါတယ်။

S. Korean worker killed by industrial robot - The Korea Times

ကုမ္ပဏီက စက်ရုံမှ စက်ရုပ်တွေအတွက် ဘေးကင်းတဲ့ စနစ်ကို ဖန်တီးဖို့နဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဖို့ ကြေညာခဲ့ပါတယ်။

တောင်ကိုရီးယား မီဒီယာတွေက အဲဒီစက်ရုပ်ကို နိုဝင်ဘာလ ၆ ရက်နေ့က စမ်းသပ်ဖို့ စီစဉ်ထားပေမယ့် ဆန်ဆာ ပြဿနာ ရှိတဲ့အတွက် စမ်းသပ်မှုကို ၂ ရက်နောက်ဆုတ်ခဲ့တာလို့ ပြောပါတယ်။

စက်ရုပ်တွေဟာ လူသားတွေကို များစွာ အကူအညီ ပေးနိုင်တယ်ဆိုပေမယ့် တစ်ခါတစ်လေမှာ အခုလို အန္တရာယ်ပေးတာမျိုးလည်း ဖြစ်တတ်တယ်ဆိုတာ သတိပြုထားသင့်ပါတယ်။

Ref : thethaiger