Zawgyi

Microsoft ကေန ပုိင္ဆိုင္တဲ့ Mobile Keyboard App တစ္ခုျဖစ္တဲ့ SwiftKey Keyboard က အခုေနာက္ပိုင္းမွာ Google ရဲ႕ Gboard ေနာက္မွာ နည္းနည္းေနာက္ကို ေရာက္လာတယ္လုိ႔ေျပာလုိ႔ရပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Android ဖုန္းအသံုးျပဳသူေတြအတြက္ စိတ္ဝင္စားဖုိ႔ေကာင္းတဲ့ Update အသစ္ကို မိတ္ဆက္ေပးလုိက္ျပီပဲျဖစ္ပါတယ္။

ဒါကေတာ့ SwiftKey Puppet လုိ႔ ေခၚဆုိထားတဲ့ Feature တစ္ခုျဖစ္ျပီးေတာ့ အဆုိပါ Feature ဟာ iPhone ေတြမွာပါဝင္တဲ့ Animoji ၊ Samsung ဖုန္းေတြမွာပါတဲ့ AR Emoji လုိမ်ိဳး 3D Animal Character ေတြကို ျပဳလုပ္ေပးမယ့္ Feature ျဖစ္ပါတယ္။ ဒါကလည္း ဒီ SwiftKey Keyboard မွာပဲ AI နည္းပညာကုိ အသံုးျပဳျပီး ေဆာင္ရြက္ႏုိင္တဲ့အတြက္ေတာ္ေတာ္ေလးကို အဆင္ေျပတယ္လုိ႔ ေျပာရမွာပါ။

အခုေလာေလာဆယ္မွာေတာ့ ဒီ SwiftKey Puppet Feature ကို လက္ရွိ Android ဖုန္းအသံုးျပဳတဲ့သူေတြအကုန္လံုး SwiftKey Keyboard ကို Download ဆြဲလုိက္တာနဲ႔ အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။ Animal Character ေတြအေနနဲ႔ေတာ့ ေလာေလာဆယ္မွာ Dinosaur ၊ Cat ၊ Owl ၊ Dog နဲ႔ Panda ပံုစံေလးေတြကို ေရြးခ်ယ္ႏုိင္မယ္လုိ႔ သိရပါတယ္။

SwiftKey အေနနဲ႔ အခုလုိမ်ိဳး ျပဳလုပ္ႏုိင္ဖုိ႔အတြက္ Volunteer ေပါင္းေထာင္နဲ႔ခ်ီအသံုးျပဳခဲ့ျပီးေတာ့ သူတို႔ရဲ႕ Facial Expression ေတြနဲ႔ Movement ေတြကို Real Time လုိက္ျပီး Track လုပ္ႏုိင္ဖုိ႔ ၾကိဳးစားခဲ့ရတယ္လုိ႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕ Android ဖုန္းမွာ AR Emoji မပါလုိ႔ စိတ္ညစ္ေနမယ့္အစား ဒီ SwiftKey Keyboard ကို အသံုးျပဳျပီးေတာ့ ၾကိဳက္တဲ့ Facebook Messenger ၊ Telegram လုိ Messaging App ေတြမွာ AR Emoji တျဖစ္လဲ Puppets ေလးေတြကို ပို႔ႏိုင္ပါျပီ။

Ref – Gizmo China

Unicode

Microsoft ကနေ ပိုင်ဆိုင်တဲ့ Mobile Keyboard App တစ်ခုဖြစ်တဲ့ SwiftKey Keyboard က အခုနောက်ပိုင်းမှာ Google ရဲ့ Gboard နောက်မှာ နည်းနည်းနောက်ကို ရောက်လာတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Android ဖုန်းအသုံးပြုသူတွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ Update အသစ်ကို မိတ်ဆက်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

ဒါကတော့ SwiftKey Puppet လို့ ခေါ်ဆိုထားတဲ့ Feature တစ်ခုဖြစ်ပြီးတော့ အဆိုပါ Feature ဟာ iPhone တွေမှာပါဝင်တဲ့ Animoji ၊ Samsung ဖုန်းတွေမှာပါတဲ့ AR Emoji လိုမျိုး 3D Animal Character တွေကို ပြုလုပ်ပေးမယ့် Feature ဖြစ်ပါတယ်။ ဒါကလည်း ဒီ SwiftKey Keyboard မှာပဲ AI နည်းပညာကို အသုံးပြုပြီး ဆောင်ရွက်နိုင်တဲ့အတွက်တော်တော်လေးကို အဆင်ပြေတယ်လို့ ပြောရမှာပါ။

အခုလောလောဆယ်မှာတော့ ဒီ SwiftKey Puppet Feature ကို လက်ရှိ Android ဖုန်းအသုံးပြုတဲ့သူတွေအကုန်လုံး SwiftKey Keyboard ကို Download ဆွဲလိုက်တာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Animal Character တွေအနေနဲ့တော့ လောလောဆယ်မှာ Dinosaur ၊ Cat ၊ Owl ၊ Dog နဲ့ Panda ပုံစံလေးတွေကို ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

SwiftKey အနေနဲ့ အခုလိုမျိုး ပြုလုပ်နိုင်ဖို့အတွက် Volunteer ပေါင်းထောင်နဲ့ချီအသုံးပြုခဲ့ပြီးတော့ သူတို့ရဲ့ Facial Expression တွေနဲ့ Movement တွေကို Real Time လိုက်ပြီး Track လုပ်နိုင်ဖို့ ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Android ဖုန်းမှာ AR Emoji မပါလို့ စိတ်ညစ်နေမယ့်အစား ဒီ SwiftKey Keyboard ကို အသုံးပြုပြီးတော့ ကြိုက်တဲ့ Facebook Messenger ၊ Telegram လို Messaging App တွေမှာ AR Emoji တဖြစ်လဲ Puppets လေးတွေကို ပို့နိုင်ပါပြီ။

Ref – Gizmo China