Tecno က Foldable ဖုန်း ဈေးကွက်ထဲကို Phantom V Fold နဲ့ စတင် ဝင်ရောက်လာပါတယ်။ အရွယ်အစား ကြီးမားပြီး အလေးချိန်က ၂၉၉ ဂရမ် ရှိပါတယ်။ ဖုန်းကို ခေါက်ချိုးထားရင် Cover မျက်နှာပြင်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး ၆.၄၂ လက်မ LTPO AMOLED 1080x2550p 120Hz မျက်နှာပြင် ဖြစ်ပါတယ်။

TECNO Phantom V Fold 5G foldable smartphone unveiled — TechANDROIDS

ဖုန်းကို ဖြန့်ထားတဲ့အခါ ၇.၈၅ လက်မ 2000x2296p Folding မျက်နှာပြင်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး 120Hz LTPO အမျိုးအစား ဖြစ်ပါတယ်။ Samsung Galaxy Z Fold4 ရဲ့ မျက်နှာပြင်ထက် ပိုမိုကြီးမားပေမယ့် Xiaomi Mix Fold 2 , Honor Magic Vs နဲ့ vivo X Fold+ တို့လောက် မကြီးပါဘူး။

TECNO Phantom V Fold 5G with 7.85″ 2K+ foldable 120Hz LTPO AMOLED screen, Dimensity 9000+ announced in India starting at Rs. 89,999

Tecno Phantom V Fold ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 50MP Main , 50MP 2x Zoom နဲ့ 13MP Ultrawide တို့ ဖြစ်ပါတယ်။ Cover မျက်နှာပြင်မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အတွင်းဘက်မှာ 16MP ကင်မရာ ပါပါတယ်။

MediaTek Dimensity 9000+ 4nm Chipset မောင်းနှင်ထားပြီး Galaxy Z Fold4 ရဲ့ Snapdragon 8+ Gen 1 နဲ့ ယှဉ်နိုင်ပါတယ်။ 45W Wired Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး ကုမ္ပဏီက ၁၅ မိနစ်အတွင်း ၄၀ ရာခိုင်နှုန်းနဲ့ ၅၅ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။

Tecno Phantom V Fold ကို ဒုတိယသုံးလပတ် ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ရောင်းချမှာ ဖြစ်ပြီး 12/256GB ကို ($1,099)၊ 12/512GB ကို ($1,222) သတ်မှတ်ထားပါတယ်။

Ref : gsmarena