လျှပ်စစ်ကား လောကကို ထိပ်တန်းက ဦးဆောင်ခဲ့တဲ့ Tesla ရဲ့ CEO Elon Musk က တရုတ် လျှပ်စစ်ကား ကုမ္ပဏီတွေရဲ့ အရည်အချင်းကို လူသိရှင်ကြား ပြောကြားလိုက်ပါတယ်။ Musk က တရုတ် လျှပ်စစ်ကား ကုမ္ပဏီတွေဟာ ကမ္ဘာမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလို့ ပြောပါတယ်။ ဒါ့အပြင် သူက တရုတ် လျှပ်စစ်ကား ကုမ္ပဏီတွေဟာ အလွန်ကောင်းတယ်လို့ ချီးကျူးလိုက်ပါတယ်။

EV Production Line on Advanced Automated Smart Factory. High Performance Electric Car Manufacturing. Car Batteries Installation on Electric Vehicles on Assembly line. Automotive Plant

တရုတ် ကား ကုမ္ပဏီတွေဟာ နိုင်ငံတကာ ဈေးကွက်ကို တိုးချဲ့ဝင်ရောက်လာကြပါတယ်။ Tesla ဟာ BYD, Nio နဲ့ Xpeng တို့လို တရုတ် ကား ကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှုကို ခံနေရပေမယ့် Musk က အဲဒီ ကုမ္ပဏီတွေကို ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

Warren Buffett ရင်းနှီးမြှပ်နှံထားတဲ့ BYD ကုမ္ပဏီဟာ တရုတ်ရဲ့ အကြီးမားဆုံး ကားထုတ်လုပ်သူ ဖြစ်ပြီး Tesla ကို ကျော်တက်ကာ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး လျှပ်စစ်ကား ကုမ္ပဏီ ဖြစ်နေပါတယ်။ Tesla ဟာ ကားဈေးနှုန်းတွေကို လျှော့ချပြီး ပြိုင်ဆိုင်နေပေမယ့် BYD ဟာ နိုင်ငံတကာ ဈေးကွက်မှာ အောင်မြင်နေပါတယ်။ BYD ဟာ တန်ဖိုးနည်း လျှပ်စစ်ကားတွေကိုလည်း ထုတ်လုပ်ရောင်းချနေပါတယ်။

Elon Musk Says China Is Tesla's Biggest Rival in the EV War

Tesla ကလည်း ဒါကို ယှဉ်ပြိုင်ဖို့အတွက် တန်ဖိုးနည်း လျှပ်စစ်ကားကို ၂၀၂၅ ခုနှစ် အလယ်မှာ ထုတ်လုပ်ရောင်းချဖို့ စီစဉ်နေပါတယ်။ အဲဒီကားရဲ့ လျှို့ဝှက်အမည်က Redwood ဖြစ်ပါတယ်။

Ref : interestingengineering