Tesla က သမားရိုးကျ မဟုတ်တဲ့ အရောင်းမြှင့်တင်ရေး နည်းလမ်းတွေကို အသုံးပြုလာပါတယ်။ Tesla ဟာ McDonald နဲ့ ပူးပေါင်းကာ Cybertruck နဲ့ ဒီဇိုင်းတူတဲ့ Cyber Spoon ကို ထုတ်လုပ်ရောင်းချလိုက်ပါတယ်။

Tesla

Brand ၂ ခု ပူးပေါင်းပြီး Tesla Cybertruck ကို ရောင်းအားကောင်းအောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ ဇွန်းဟာ ၄.၀၉ ဒေါ်လာ တန်ကြေး ရှိတဲ့အတွက် ဈေးမပေါပါဘူး။ လက်ရှိ တရုတ်မှာပဲ ရောင်းချပေးထားပြီး ဇွန်းလက်ကိုင်မှာ “Don’t Panic” ဆိုတဲ့ အင်္ဂလိပ်စာသားကို ရေးသားထားပါတယ်။

Tesla and McDonald's Team Up To Offer the Cyber Spoon

ဇွန်းကို ၅၀,၀၀၀ ပဲ အကန့်အသတ်နဲ့ ရောင်းချမှာ ဖြစ်ပြီး McDonald နဲ့ Tesla Fans တွေ အမြန်ဝယ်ယူထားသင့်ပါတယ်။

Tesla လို ကမ္ဘာ့ ထိပ်တန်း လျှပ်စစ်ကား ကုမ္ပဏီကြီးက ဇွန်း ထုတ်လုပ်ရောင်းချတယ်ဆိုတာ မယုံနိုင်စရာ ပါပဲ။ Cyber Spoon ဟာ သာမာန် ဇွန်း တစ်ချောင်းထက် ပိုပြီး Tesla Cybertruck အတွက် ရောင်းအားမြှင့်တင်ပေးမယ့် ကြော်ငြာ ထုတ်ကုန်ဖြစ်ပါတယ်။

Tesla ဟာ အရင်ကလည်း Cybertruck ဒီဇိုင်းနဲ့ တူတဲ့ ကြောင်အိမ်ကိုလည်း တရုတ်မှာ ထုတ်လုပ်ရောင်းချခဲ့ပါသေးတယ်။ ဘာနည်းပညာမှ မပါတဲ့ ကတ်ထူစက္ကူနဲ့ ပြုလုပ်ထားတဲ့ ကြောင်အိမ် ဖြစ်ပါတယ်။

Ref : gizmochina