ပြီးခဲ့တဲ့ တစ်ပတ်မှာ Tesla CEO Elon Musk ဟာ နယူးယောက်မှာ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီနဲ့ တွေ့ဆုံခဲ့ပြီး အိန္ဒိယဈေးကွက်ထဲ Tesla ဝင်ရောက်နိုင်တဲ့ အလားအလာတွေကို ဆွေးနွေးခဲ့ပါတယ်။ Tesla နဲ့ အိန္ဒိယ အစိုးရတို့ဟာ အဲဒီကိစ္စကို ၂၀၁၇ ခုနှစ်က ဆွေးနွေးခဲ့ဖူးပြီး အိန္ဒိယဟာ ကမ္ဘာ့နိုင်ငံကြီးတွေထဲမှာ တင်သွင်းခွန် အမြင့်မားဆုံး ဖြစ်တဲ့အတွက် သဘောတူညီမှု မရခဲ့ပါဘူး။

Tesla to enter the Indian market as soon as possible, Elon Musk says

ဒါပေမယ့် မကြာခင်က ဆွေးနွေးမှုအရ အဆင်ပြေလာတော့မယ်ပုံရပါတယ်။ Musk က Tesla ဟာ မကြာခင် အိန္ဒိယ ဈေးကွက်ထဲဝင်ရောက်တော့မယ်လို့ ပြောပါတယ်။ သူက တရုတ်က ရှန်ဟိုင်း အပြင် ကုမ္ပဏီရဲ့ အာရှက နောက်ထပ် စက်ရုံကြီးဟာ အိန္ဒိယမှာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ စက်ရုံတည်ဆောက်မှုဟာ မကြာခင် စတင်တော့မှာ မဟုတ်ပေမယ့် Tesla ဟာ ဒီနှစ်ကုန်မှာ အိန္ဒိယက စက်ရုံတည်ဆောက်မယ့် တည်နေရာကို ရွေးချယ်နိုင်ပါတယ်။

Tesla will be in India as soon as humanly possible, says Elon Musk after meet with PM Modi- The New Indian Express

အိန္ဒိယ အစိုးရဟာ နိုင်ငံထဲမှာ ကုန်ထုတ်လုပ်မှု စက်ရုံတွေ တိုးတက်လာစေချင်တဲ့အတွက် တင်သွင်းခွန်တွေကို တိုးမြှင့်ကောက်ခံထားတာ ဖြစ်ပါတယ်။ အခုတော့ Musk နဲ့ မိုဒီဟာ အိန္ဒိယမှာ Gigafactory စက်ရုံ တည်ဆောက်ဖို့အတွက် ကနဦး သဘောတူညီမှုတချို့ရရှိထားပြီလို့ ထင်ရပါတယ်။ အဲဒါကြောင့် Apple နဲ့ Samsung တို့လို နည်းပညာ ကုမ္ပဏီကြီးတွေဟာ အခွန်ရှောင်ချင်တဲ့အတွက် အိန္ဒိယမှာ စမတ်ဖုန်း ထုတ်လုပ်တဲ့ စက်ရုံတွေ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Ref : gsmarena