Elon Musk က Cybertruck ကို မော်တော်ဘုတ်လို သုံးနိုင်မယ့် Package ကိုရောင်းချဖို့ စီစဉ်နေတယ်လို့ အတည်ပြုလိုက်ပြီး ရေထဲမှာ အနည်းဆုံး မီတာ ၁၀၀ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

Tesla Cybertruck waterproof

Musk က Tesla ကားတွေဟာ ရေပေါ်ပေါ်နိုင်ပြီး မော်တော်ဘုတ်လို သုံးနိုင်တယ်လို့ အရင်က ပြောကြားထားဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ Musk က Tesla Cybertruck ဟာ မော်တော်ဘုတ်လို သုံးနိုင်အောင် ရေစိုခံပြီး မြစ်တွေကို ဖြတ်ကူးနိုင်တယ်လို့ ပြောခဲ့ပါတယ်။

Musk က ၃၆၀ မီတာ (၁,၁၀၀ ပေ) ရှိတဲ့ SpaceX ရဲ့ Starbase နဲ့  တက္ကဆပ်မှ South Padre Island အကြားက ရေပြင်ကို Cybertruck နဲ့ဖြတ်ကူးနိုင်ဖို့ ရည်ရွယ်ထားတာလို့ ပြောခဲ့ပါတယ်။

Tesla က ပြီးခဲ့တဲ့လက Cybertruck ကို စတင် ရောင်းချခဲ့ပြီး Cybertruck ရဲ့ Off-Road Mode မှာ ဘက်ထရီကို အလုံပိတ်နိုင်တဲ့ Wade Mode ပါလာပါတယ်။

အခုတော့ Tesla ရဲ့ အင်ဂျင်နီယာဌာနမှ ဒုတိယ ဥက္ကဌ Lars Moravy က မော်တော်ဘုတ်လို အသုံးပြုနိုင်ဖို့ Cybertruck ရဲ့ အနောက်ဘက်ကို လျှပ်စစ် မော်တာနဲ့ ချိတ်ဆက်နိုင်တယ်လို့ ပြောလာပါတယ်။ Musk ကလည်း  Tesla ဟာ Cybertruck ကို မော်တော်ဘုတ်လို အသုံးပြုနိုင်မယ့် Package ကို ရောင်းချဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

Musk က အဲဒီ Package ကို ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို မပြောသေးပါဘူး။

Ref : electrek