Steam လို့ ပြောလိုက်တာနဲ့ Gamer တွေအတွက် အကြီးမားဆုံး Game Store တစ်ခုဆိုပြီး သိနေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးသိရတဲ့သတင်းတွေအရ အဆိုပါ Steam Game Store ကို တရုတ်နိုင်ငံအတွင်းမှာ Ban လိုက်ပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံကနေ Ban လိုက်တဲ့ Steam Game Store ဟာ Global Version ဖြစ်ပြီး လက်ရှိအချိန်မှာ ဂိမ်းပေါင်း ၁၁၀,၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ အဲ့ဒီအစား တရုတ်နိုင်ငံအတွင်းမှာ Steam Chinese Version ကိုပဲ အသုံးပြုနိုင်တော့မှာဖြစ်ပြီး ဂိမ်းပေါင်း ၁၀၃ ခုပဲရှိတာကြောင့် Global Version နဲ့ယှဥ်ရင် အလွန်နည်းပါးနေတာဖြစ်ပါတယ်။

ယုံကြည်ရတဲ့ Fortnite Leaker နဲ့ Data Miner တစ်ဦးဖြစ်တဲ့ Ricky Owens ကတော့ အခုလိုမျိုး တရုတ်နိုင်ငံက Ban ထားတဲ့ Steam ဟာဆိုရင် “store.steampowered.com” ကို Ban ထားတာဖြစ်ပြီး တရုတ်နိုင်ငံတွင်းမှာ လုံးဝသုံးမရအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် Domain ဟာ လက်ရှိအချိန်မှာ Available ပဲ ပြနေတုန်းပါ။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး ပြုလုပ်လိုက်တာက တရုတ်နိုင်ငံတွင်းမှာ ယခုနှစ် ဖေဖော်ဝါရီလတုန်းကမှ စတင်မိတ်ဆက်ခဲ့တဲ့ Steam China Version ကိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Steam China ဟာ နာမည်ကြီးဂိမ်းတွေဆိုလို့ CS:GO နဲ့ Dota 2 လို ဂိမ်းတွေပဲရှိမှာဖြစ်ပြီး တခြားသော Steam Workshop ၊ Community Market ၊ Discussion Forums နဲ့ တခြားသော Community Feature တွေလည်းပါဝင်ဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ Gaming ပိုင်းကို အခုနောက်ပိုင်းမှာ တော်တော်လေးကို ကန့်သတ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ညပိုင်းမှာ ကလေးတွေကို ဂိမ်းဆော့ကစားခြင်းကို ကန့်သတ်ဖို့အတွက် Facial Recognition နည်းပညာကိုပါ ထုတ်ခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အရွယ်မရောက်သေးတဲ့ကလေးငယ်တွေကိုလည်း တစ်ပါတ်ကို အချိန် ၃ နာရီထက်ပိုပြီး ဂိမ်းဆော့ကစားခြင်းမပြုလုပ်ဖို့ကိုလည်း တားမြစ်ထားပါသေးတယ်။

Ref – The Verge