Apple ဟာ စမတ်ဖုန်း လောကမှာ ထိပ်တန်းကျတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါပေမယ့် Honor CEO George Zhao ကတော့ အင်တာဗျူး တစ်ခုမှာ Apple ကို စိတ်ပျက်စရာကောင်းတယ်လို့ ဝေဖန်လိုက်ပါတယ်။

The iPhone 15 series is disappointing, says Honor CEO a day ahead of the Honor V Purse launch

“ iPhone 15 Series ရဲ့ စွမ်းဆောင်ရည်နဲ့ ကင်မရာ အရည်အသွေးက မလုံလောက်ပါဘူး။ မကြေညာခင်မှာ ဘာတွေ ပါလာမလဲဆိုတာ လူတိုင်း ခန့်မှန်းလို့ရတာက ကျွန်တော့်အတွက် စိတ်ပျက်စရာ ဖြစ်ပါတယ်။ iPhone 15 Series မှာ ထူးခြားဆန်းသစ်မှုတွေ မပါလာပေမယ့် ရောင်းအားကတော့ ကောင်းမှာပါ။ “ လို့ Honor CEO က ပြောပါတယ်။

Android ကုမ္ပဏီတွေက iPhone 15 Series မှာ USB-C နဲ့ Periscope ကင်မရာ ပါလာတာကို ရင်မခုန်ပါဘူး။ Zhao က Apple အဓိက လိုအပ်နေတဲ့ အပိုင်းက ဒီဇိုင်း အပိုင်း ဖြစ်ပြီး Apple ဟာ ဒီဇိုင်း ဒိတ်အောက်နေတဲ့ ဖုန်းတွေကို ရောင်းနေတုန်းပဲလို့ ပြောပါတယ်။

The iPhone 15 series is disappointing, says Honor CEO a day ahead of the Honor V Purse launch - GSMArena.com news

ပြီးခဲ့တဲ့ နှစ်တွေအတွင်း Foldable စမတ်ဖုန်းတွေ များစွာ ထွက်လာပြီး ပိုမို တိုးတက်ကောင်းမွန်လာကြပါတယ်။ Honor ကလည်း ပိုက်ဆံအိတ်လိုကိုင်နိုင်တဲ့ Honor V Purse ကို ပူပူနွေးနွေး ကြေညာထားပါတယ်။ အပြင်ဘက်ကို ခေါက်ချိုးတဲ့ Foldable ဖုန်း ဖြစ်ပြီး ဖက်ရှင်အသားပေးထားပါတယ်။

Apple ဟာ Foldable ဖုန်းတွေကို စမ်းသပ် ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် နောက်ဆုံး ဒီဇိုင်းကို မထုတ်လုပ်နိုင်သေးပါဘူး။ Apple ဟာ Foldable လက်ပ်တော့ကိုလည်း ဖန်တီးနေပြီး ၂၀၂၅ ခုနှစ်မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena