Redmi Note 9 Pro 5G ကို တရုတ်မှာ လာမယ့် ၂၆ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အရင် တခြားနိုင်ငံတွေမှာ ရောင်းချထားတဲ့ Redmi Note 9 Pro နဲ့ မတူဘဲ 5G ပါလာမှာပါ။ အဲဒီဖုန်းဟာ အထူးထုတ် ဘူးခွံနဲ့ ထွက်လာမှာပါ။

Redmi Note 9 Pro 5G retail box

Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က အဲဒီ အထူးထုတ် ဘူးခွံ ဓါတ်ပုံကို ဝီဘိုမှာ မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှာ Lu Weibing နဲ့ Lehua Entertainment ရဲ့ အထွေထွေမန်နေဂျာ Du Hua တို့ဟာ အဲဒီ အထူးထုတ် ဘူးခွံကို ကိုင်ထားတာ မြင်ရပါတယ်။ ဘူးခွံကို အနီးကပ်ကြည့်ရင် Redmi Note 9 Pro 5G စာသားကို မြင်ရပါတယ်။

Redmi Note 9 Pro 5G retail box zoomed

ဘူးခွံဟာ အရောင်တော်တော် စုံပြီး Redmi ရဲ့ အရင် ဘူးခွံ ဒီဇိုင်းတွေနဲ့ တော်တော် ကွဲပြားနေပါတယ်။ အများစုက အဝါရောင် ဖြစ်ပြီး ကာတွန်း ဇာတ်ကောင်တွေကိုပါ မြင်ရပါတယ်။ ဘူးခွံမှာ Specs တွေကို မပြသထားပါဘူး။

တရားဝင် ပိုစတာအရ Redmi Note 9 Pro 5G ရဲ့ အနောက်ကင်မရာ ဒီဇိုင်းဟာ Mi 10T Lite 5G နဲ့ တူညီပါတယ်။ ပင်မ ကင်မရာဟာ 108MP ဖြစ်မယ်လို့ သတင်းထွက်နေပြီး ဘေးဘက် လက်ဗွေရာ ကိရိယာနဲ့ Punch Hole ကင်မရာ ၁ လုံး ထည့်သွင်းထားမှာပါ။

Mi 10T Lite လိုပဲ Redmi Note 9 Pro 5G မှာ Snapdragon 750G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM ထည့်သွင်းထားမှာပါ။ 6GB RAM Version ကိုလည်း ထုတ်လုပ်ထားမှာ ဖြစ်ပြီး 4,820mAh ဘက်ထရီနဲ့ 33W Fast Charging ပါလာနိုင်ပါတယ်။

Ref : gizmochina