အမေရိကန် အနောက်တောင်ပိုင်း နယ်စပ်မှာ မကြာခင် စက်ရုပ်တွေက ကင်းလှည့်စောင့်ကြပ်တော့မှာ ဖြစ်ပါတယ်။ အမေရိကန် အမိမြေ လုံခြုံရေး ဌာန (DHS) က အဲဒီ နယ်စပ်မှာ စက်ရုပ်ခွေးတွေထားရှိဖို့ စဉ်းစားနေတယ်လို့ ကြေညာလိုက်ပါတယ်။

စက်ရုပ်ခွေးတွေကို Automated Ground Surveillance Vehicle လို့ခေါ်ပြီး DHS ရဲ့ သုတေသနဌာနနဲ့ အဆင့်မြင့်စက်ရုပ်တွေ ဖန်တီးနေတဲ့ Ghost Robotics တို့က အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ် လုံခြုံရေး ဌာန (CBP) အတွက် တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။

Ghost Robotics က “ စက်ရုပ်ခွေးတွေဟာ CBP ရဲ့ လုပ်ငန်းတာဝန်တွေကို တိကျစွာ လုပ်ပေးနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ခြေထောက် ၄ ချောင်းပါပြီး အကြမ်းခံပါတယ်။ သဲ၊ တောင်ကုန်း၊ ကျောက်တုံး ၊ လှေခါးတွေ အပါအဝင် မြေမျက်နှာသွင်ပြင်မျိုးစုံမှာ သွားလာနိုင်ပြီး အဲဒီလို စွမ်းဆောင်နိုင်ဖို့အတွက် ဘီးတွေ မပါဘဲ ခြေထောက်တွေ တပ်ဆင်ထားတာပါ။ “ လို့ ပြောပါတယ်။ အလေးချိန် ပေါင် ၁၀၀ ရှိပြီး တိုက်ခိုက်ရေး ဒရုန်းတွေနဲ့ တခြား စစ်တပ်ရဲ့ လက်နက် ကိရိယာတွေမှာ သုံးနေတဲ့ ဥာဏ်ရည်တု နည်းပညာတွေကို လွယ်ကူစွာ ထည့်သွင်းနိုင်ပါတယ်။

CBP Innovation Team မှ Brett Becker က “ ရဲဝန်ထမ်းတွေဟာ နယ်စပ်မှာ ကြမ်းတမ်းတဲ့ တောင်ကုန်းတွေ၊ မြင့်မားတဲ့ အပူချိန်နဲ့ အန္တရာယ်ပေးနိုင်တဲ့ လူဆိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အခု စက်ရုပ်ခွေးတွေဟာ ရဲဝန်ထမ်းတွေကို သက်သာစေမှာ ဖြစ်သလို CBP ရဲ့ လုပ်ငန်းတာဝန်တွေကို အကောင်းဆုံး ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : interestingengineering