Xiaomi ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့တုန်းက Xiaomi ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 18:9 Ratio Display ပါဝင်လာတဲ့ Redmi 5 နဲ့ Redmi 5 Plus စမတ်ဖုန်းတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။

အဆိုပါ Redmi 5 နဲ့ Redmi 5 Plus စမတ်ဖုန်းတွေက ပုံမှန်အရတော့ ယခင် Redmi Series ဖုန်းတွေဖြစ်တဲ့ Redmi 4 နဲ့ Redmi 4 Pro တွေကို အစားထိုးဝင်ရောက်လာတာဖြစ်ပြီးတော့ Xiaomi Redmi Note Series ဖုန်းတွေကို အစားထိုးတာမဟုတ်ဘူးလို့ ယူဆခဲ့ကြတာဖြစ်ပါတယယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Xiaomi Forum ရဲ့ Moderator တစ်ဦးဖြစ်တဲ့ “mitch002″ ကနေ Xiaomi Redmi 5 Plus စမတ်ဖုန်းဟာ Screen Size အနေနဲ့ 5.99” ရှိနေပြီဖြစ်တဲ့အပြင် Specifications ပိုင်းအရလည်း Redmi Note 4 နဲ့ မကြာခြားတဲ့အတွက် အခု Xiaomi Redmi 5 Plus ထက် ကြီးမားတဲ့ Display နဲ့ Redmi Note 5 စမတ်ဖုန်းရှိလာဖို့ မလွယ်ကူတော့ဘူးလို့ Xiaomi Forum မှာပြောကြားခဲ့တာဖြစ်ပါတယ်။

Xiaomi Redmi 5 Plus ဖုန်းဟာဆိုရင် 5.99″ 18:9 Display, Snapdragon 625 CPU နဲ့ RAM 3GB/4GB နဲ့ ROM 32GB/ 64GB ဆိုပြီးရွေးချယ်နိုင်ပြီး ဈေးနှုန်းအနေနဲ့ ယခင် Redmi Note ဖုန်းဈေးဝန်းကျင်ဖြစ်တဲ့ မြန်မာငွေ ၂ သိန်းခွဲကျော်နဲ့ ရောင်းချနေတာဖြစ်ပါတယ်။