Apple က Watch Series 7 ကို မိတ်ဆက်ထားတာ ကြာပြီဆိုပေမယ့် ထုတ်လုပ်မှုအခက်အခဲအချို့ကြောင့် ဈေးကွက်တိုင်းကိုတပြိုင်နက်ပို့ဆောင်ဖို့တော့ ရုန်းကန်နေရပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲရောက်လာတဲ့ ပထမအသုတ် Apple Watch တွေရဲ့ ပြဿနာတစ်ချို့တော့ ထွက်ပေါ်လာပါပြီ။

ဝယ်ပြီးပြီးချင်း ဘူးထဲကထုတ်သုံးလိုက်တဲ့ Apple Watch Series 7 အချို့ဟာ Third-party apps တွေကို သူတို့ရဲ့ Icons တွေနဲ့ တွဲပြီး Home screen မှာ ဖော်ပြခြင်းမရှိဘူးလို့ သိရပါတယ်။ ဒီပြဿနာဟာ Apple Watch Series 7 တိုင်းမှာဖြစ်တာလား၊ ဒါမှမဟုတ် အချို့တွေမှာပဲဖြစ်တာလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဒီပြဿနာကို Apple ရဲ့ Ecosystem နဲ့သက်ဆိုင်တဲ့ ထုတ်ကုန်တွေအတွက်အလုပ်လုပ်ကိုင်နေတဲ့ Developer က ဦးဆုံးတွေ့ရှိခဲ့တာပါ။ သူက Xcode ကို Simulator မှာ Icon ပြပေမဲ့ တကယ်တမ်းကတော့ နာရီပေါ်မှာ မပြသဘူးလို့ ရှင်းပြခဲ့ပါတယ်။ ဒီပြဿနာက Watch Series 7 မှာပဲဖြစ်ပေါ်တဲ့ပြဿနာဆိုတာ ယုံမှားစရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ Apple Watch အဟောင်းတွေမှာ ပုံမှန်အတိုင်းမြင်တွေ့နေရလို့ပါပဲ။

WatchOS 8 မှာလည်း Icons တွေကို ကောင်းကောင်းမွန်မွန်မြင်တွေ့ရတာကြောင့် ဒီပြဿနာဟာ Watch Series 7 ရဲ့ Screen dimensions သစ်နဲ့ Resolution သစ်ကြောင့်ဖြစ်နိုင်တယ်လို့ အချို့ကယုံကြည်နေကြပါတယ်။ ပြဿနာက Icon ပျောက်ဆုံးနေတာတစ်ခုတည်းဖြစ်ပြီး App ရဲ့ နာမည်ကိုတော့ Display ပေါ်မှာ မြင်တွေ့နေရတာပါ။ Apple အနေနဲ့ ဒီပြဿနာကို ဘယ်လောက်မြန်မြန်ဖြေရှင်းပေးမလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref: GSM Arena