Xiaomi ဟာ ပထမဆုံး လျှပ်စစ်ကားတွေ ဖြစ်တဲ့ SU7 Series ကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ Xiaomi ဟာ တရုတ်မှာ အဲဒီကားတွေကို မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး ဓါတ်ပုံနဲ့ Specs တွေကို သိလာရပါပြီ။

Xiaomi ဟာ SU7 နဲ့ SU7 Max မော်ဒယ်တွေကို ဖန်တီးနေပြီး ဘေဂျင်း အခြေစိုက် BAIC Group က ထုတ်လုပ်ပေးမှာပါ။ အဲဒီကားတွေဟာ ဆင်တူပေမယ့် မတူညီတဲ့ ဘက်ထရီ နည်းပညာနဲ့ အမြန်နှုန်းတွေလို အပိုင်းတွေမှာ ကွာခြားသွားမှာပါ။ SU7 ရဲ့ အလေးချိန်က ၁,၉၈၀ ကီလိုဂရမ်နဲ့ SU7 Max က ၂,၂၀၅ ကီလိုဂရမ် ရှိပါတယ်။

SU7 ရဲ့ အရွယ်အစားက 4,997 x 1,963 x 1,455 mm (LiDAR Sensor မပါရင် 1,440mm) ရှိပါတယ်။ 220kW Motor ပါတဲ့ RWD နဲ့ 275kW+220kW Motor ပါတဲ့ AWD အမျိုးအစားတွေ ထုတ်လုပ်ထားမှာပါ။

Xiaomi ဟာ SU7 Pro ကိုလည်း ထုတ်လုပ်မှာ ဖြစ်ပေမယ့် Specs တွေကို မသိရသေးပါဘူး။

Xiaomi SU7 ကားတွေမှာ HyperOS ပါလာနိုင်ပါတယ်။ Xiaomi ဟာ စမတ်ဖုန်း၊ တက်ဘလက်၊ ကား အပါအဝင် Product အားလုံးမှာ အသုံးပြုနိုင်အောင် HyperOS ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ Xiaomi ဟာ လျှပ်စစ်ကားတွေကို နောက်နှစ်မှာ ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Ref: androidauthority