ကိုယ့် Facebook Timeline ပေါ်ကို ကိုယ်မကြိုက်တဲ့ ရှက်စရာကောင်းတဲ့ လိင်ဖျော်ဖြေရေး ဗီဒီယိုတွေ ဓာတ်ပုံတွေ Tag လုပ်ခံရတာများလာပါတယ်။

ကိုယ်ကလည်း Timeline ကို သေချာ ထိန်းချုပ်မထားဘူးဆိုရင် ကိုယ့် Timeline မှာ ဒီလို ရှက်စရာကောင်းတဲ့ ဓာတ်ပုံ၊ဗီဒီယိုတွေ ပေါ်လာပြီး ကိုယ့်သူငယ်ချင်းတွေကိုပါ စိတ်ဒုက္ခရောက်စေပါတယ်။

ကိုယ် အပြင်မှာ သူငယ်ချင်းတွေနဲ့ အရက်သောက်နေတဲ့ပုံကို ကိုယ့်သူငယ်ချင်းတွေက အလိုက်မသိဘဲ ကိုယ့်အကောင့်ကို tag လုပ်လိုက်ရင်တော့ ကိုယ့်အမျိုးအဆွေတွေက အိမ်ပြန်ပြောတာနဲ့ အိမ်မရောက်ခင် အထောင်းခံရမယ့် ကိန်းပါ။

ဒီလိုတွေ မဖြစ်စေဖို့ ကိုယ့် Timeline ပေါ်ကို ကိုယ့်ခွင့်ပြုချက်မပါဘဲ ဘယ် Post မှ တင်လို့မရတဲ့ နည်းလမ်းကို ပြောပြချင်ပါတယ်။

Facebook မှာ မျဉ်းကြောင်းလေး ၃ ကြောင်းထပ်ထားတဲ့ နေရာကို နှိပ်လိုက်ရင် ကိုယ့်အကောင့်နဲ့ပတ်သက်တဲ့ Setting တွေကျလာပါလိမ့်မယ်။

အဲ့ဒီအထဲကမှ “Account Setting” ကို သွားပါ။

“Timeline and Tagging” ဆိုတာကို နှိပ်ပါ။

“Review Posts Friends…….. on your timeline ?” (ကိုယ့် Facebook အကောင့်ကိုလာ Tag လုပ်တဲ့ Post တွေကို အရင်စစ်ဆေးမလား)

အဲ့ဒီ ခလုတ်ကိုနှိပ်လိုက်ပြီး Tap Review ဘေးနားက ခလုတ်လေးကို နှိပ်ပြီး “Enable” လုပ်လိုက်ပါ။

Timeline and Tagging စာမျက်နှာမှာဘဲ “Who can see posts you’ve been tagged in on your Timeline?” (ကိုယ့်ကို လာ Tagged ထားတဲ့ Posts တွေကို ဘယ်သူတွေဘဲ မြင်နိုင်သလဲ) ကိုနှိပ်ပြီး ၀င်ကား “Friends” အဖြစ်ပြောင်းပါ။

Timeline and Tagging စာမျက်နှာမှာဘဲ “Who can see what others post on your Timeline” (ကိုယ့် Timeline ပေါ်က Posts တွေကို ဘယ်သူမြင်နိုင်သလဲ) ကိုနှိပ်ပြီး ၀င်ကား “Friends” အဖြစ်ပြောင်းပါ။

ဒါတွေလုပ်ပြီးရင်တော့ ကိုယ့်ခွင့်ပြုချက်မရဘဲ ကိုယ့် Timeline မှာ ဘယ်သူမှ Posts လာတင်လို့မရပါဘူး။ ဒါ့အပြင် ကိုယ်တင်တဲ့ Posts တွေ ကိုယ့်ကိုလာ tag တဲ့ posts တွေကို ကိုယ့် သူငယ်ချင်းကလွဲပြီး ကြည့်လို့မရတာကြောင့် အွန်လိုင်းမှာ အန္တရာယ်ရှိနိုင်ချေလည်း နည်းသွားပါတယ်။

Pending Posts

ကိုယ့်ကို တစ်ယောက်ယောက်က လာ Tag ရင် Notification ပေါ်ပါတယ်။ အဲ့ဒီ Notification ပေါ်ကိုနှိပ်လိုက်ရင် Timeline Review ပေါ်လာပါလိမ့်မယ်။

“Add to Timeline (Timeline ထဲကို ထည့်မယ်) နဲ့ “Hide” (ဖွက်ထားမယ်၊ Timeline ထဲကို မထည့်ဘူး) ဆိုတဲ့ ခလုတ် ၂ခုထဲမှာ ကြိုက်နှစ်သက်ရာကို ရွေးချယ်လို့ရပါတယ်။