AnTuTu က လတိုင်း အကောင်းဆုံး စွမ်းရည်မြင့် စမတ်ဖုန်း စာရင်းကို ထုတ်ပြန်ပေးလေ့ရှိပြီး အခုလည်း ဇူလိုင်လအတွက် ထွက်လာပါပြီ။ အဲဒီ စာရင်းမှာ စွမ်းဆောင်ရည် အကောင်းဆုံး စမတ်ဖုန်းတွေ ပါဝင်ပြီး အဓိကအားဖြင့် Chip ရဲ့ စွမ်းရည်ကို စစ်ဆေးထားတာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ Snapdragon 8+ Gen 1 စမတ်ဖုန်း အများစုဟာ စာရင်းမှာ လွှမ်းမိုးထားပါတယ်။ Snapdragon 8+ Gen 1 SoC အသစ် ပါလာတဲ့အတွက် ဒီလ စာရင်းဟာ အရင်လထက် သိသိသာသာ ကွဲပြားနေပါတယ်။

AnTuTu flagship smartphones

ဇူလိုင်လအတွက် အကောင်းဆုံး စွမ်းရည်မြင့် စမတ်ဖုန်း ၁၀ လုံးစာရင်းမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားတာက ZTE Nubia Red Magic 7S Gaming စမတ်ဖုန်း ဖြစ်ပါတယ်။ အဲဒီ စွမ်းရည်မြင့် ဖုန်းမှာ Running Point ကို 1.12 Million အထိ ရရှိစေတဲ့ Active Cooling ပါလာပါတယ်။ စာရင်းမှာ ပါတဲ့ နောက်ထပ် Nubia စမတ်ဖုန်းက ၁,၀၉၉,၅၆၇ မှတ် ရသွားတဲ့ Red Magic 7S Pro ဖြစ်ပါတယ်။ ဒါပေမယ့် Pro မော်ဒယ်ဟာ နံပါတ် ၄ နေရာပဲရထားပါတယ်။

Red Magic 7S and 7S Pro Launched in China with SD 8+ Gen1, up to 135W charging, improved cooling - Gizmochina

စာရင်းမှာ Xiaomi စမတ်ဖုန်း ၄ လုံး ပါလာပြီး အဲဒါတွေက Xiaomi 12S, 12S Pro , 12S Ultra နဲ့ 12 Pro တို့ ဖြစ်ပါတယ်။ Xiaomi 12S, 12S Pro နဲ့ 12S Ultra တို့ဟာ နံပါတ် ၆ ၊ ၇ နဲ့ ၈ နေရာတွေကို အသီးသီး သိမ်းပိုက်ထားပါတယ်။

Xiaomi 12 Pro Special Edition ဟာ Snapdragon 8+ Gen 1 SoC မပါတဲ့ ၁ လုံးထဲသော စမတ်ဖုန်း ဖြစ်နေပါတယ်။ အဲဒီ ဖုန်းဟာ စာရင်းမှာ နံပါတ် ၁၀ နေရာကို ရထားပြီး Dimensity 9000+ Chipset ထည့်သွင်းထားပါတယ်။

Ref : gizchina