နေ့စဉ် ရုံးလုပ်ငန်းနဲ့ အမြဲထိတွေ့နေရတဲ့သူတွေဆိုရင် အလုပ်မှာ Microsoft Office ကိုတော့ အမြဲတမ်းသုံးနေကြရမှာပါ။ တကယ်လို့ ကိုယ်က အပြင်သွားနေတုန်း အလုပ်ကိစ္စအရေးတကြီး Excel File, Power Point File တွေ Mail ကနေ ဝင်လာရင် အဲ့ဒီ Files တွေကို ကွန်ပျူတာနဲ့မှ ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ကိုယ့်ဖုန်းထဲမှာ Office Applications တွေကိုထည့်သွင်းထားမယ်ဆိုရင် ကွန်ပျူတာမလိုပဲ Microsoft Office Files တွေကို ပုံမှန်အတိုင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အကောင်းဆုံး Office Application ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

1. SmartOffice

SmartOffice က အသုံးပြုရတာ ရိုးရှင်းပြီးတော့ Microsoft Office Files Format တွေအကုန်လုံးကို သိရှိပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ Application ရဲ့ အားသာချက်ကတော့ Office Files တွေကို Google Drive, Dropbox နဲ့ Box လိုမျိုး Online Services တွေမှာပါ တစ်ခါထဲ ချိတ်ဆက်ထားနိုင်လို့ပဲဖြစ်ပါတယ်။

2. WPS Office

WPS Office Application ကတော့ မသိတဲ့သူတော်တော်လေးကို ရှားမှာပါ။ လက်ရှိအချိန်အထိ Features အစုံလင်ဆုံးသော Office Application ဖြစ်ပြီးတော့ အကောင်းဆုံးအချက်က အခမဲ့ရရှိတာပဲဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ Bluetooth Keyboard ရှိတယ်ဆိုရင်လည်း ချိတ်ဆက်ပြီး ကွန်ပျူတာမှာပဲ အသုံးပြုနေသလိုမျိုး သုံးနိုင်မှာပါ။

3. Google Drive (Docs, Sheet, Slides)

Google ကလည်း ကိုယ်ပိုင် Office Application တွေဖြစ်တဲ့ Google Drive, Google Docs, Sheet နဲ့ Slides တို့ကိုထုတ်လုပ်ထားပါသေးတယ်။ Google ကထုတ်တာဖြစ်တဲ့အတွက် Applications တွေအသုံးပြုရတာ အလွန်ကောင်းမွန်ပြီး အားနည်းချက်ကတော့ App တစ်ခုထဲရှိရုံနဲ့မရပဲ Google ရဲ့ App ၄ ခုစလုံးလိုအပ်တာဖြစ်ပါတယ်။

4. Polaris Office

Polaris Office ကတော့ WPS Office မထွက်ရှိခင်တုန်းကအထိ အကောင်းဆုံး Office Software တစ်ခုဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ ပုံမှန် Office App တစ်ခုလို့ပဲပြောရမှာပါ။ Polaris Office App မှာတော့ အားသာချက်အနေနဲ့ ကိုယ်ပိုင် Polaris Drive Cloud Storage ကို အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။

5. Microsoft Office (Word, Excel, Powerpoint)

ကျွန်တော်တို့ ကွန်ပျူတာတွေမှာလည်း Microsoft Office ကိုပဲ အသုံးပြုနေကြတဲ့အတွက် Mobile မှာလည်း Microsoft Office က အကောင်းဆုံးပါ။ ဘယ်လိုမျိုးပဲဖြစ်ဖြစ် Format မတူလို့ မဖတ်နိုင်တာမျိုး ရှိမှာမဟုတ်ပေမယ့် App တွေက Size ကြီးမားတာနဲ့ Google လိုပဲ App တစ်ခုစီ Download ရယူရမှာဖြစ်ပါတယ်။