[Zawgyi]

၂၀၁၈ ႏိုဝင္ဘာက က်င္းပခဲ့တဲ့ Android Developer Summit မွာ Google က Dark Mode သုံးျခင္းေၾကာင့္ ဘက္ထရီသက္တမ္းအေပၚ အက်ိဳးသက္ေရာက္မႈရွိပုံအေၾကာင္းကို ေဆြးေႏြးသြားခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ Developer ေတြဟာ ဒီဇိုင္းေတြမွာ ေနာက္ခံအျဖဴထက္ Dark ဆန္တဲ့ အေရာင္ေတြကို ပိုၿပီးဦးတည္လာၾကပါေတာ့တယ္။

၂၀၁၉ ကေတာ့ Dark Mode ေျပာင္းလဲမႈ အရွိန္ရလာတဲ့ ႏွစ္တစ္ႏွစ္လို႔ ဆိုရမွာပါ။ Google အပါအဝင္ နည္းပညာကုမၸဏီအေတာ္မ်ားမ်ားက Dark Mode ေတြကို ဖန္တီးလာၾကတာပါ။ ၿပီးခဲ့တဲ့ရက္တုန္းက Twitter ဟာ iOS အတြက္ “Lights Out” လို႔ နာမည္ေပးထားတဲ့ Dark Mode ကို ထုတ္ေပးခဲ့ပါတယ္။

Twitter ဟာ အရင္တုန္းကလည္း အျပာေရာင္ကို အေျခခံထားတဲ့ Night Mode ကို ေထာက္ပံ့ေပးထားခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီတုန္းက Dark Mode စစ္စစ္လို႔ မေျပာႏိုင္ခဲ့ပါဘူး။ “Lights Out” ကေတာ့ တကယ့္ကို Dark Mode အစစ္လို႔ ေျပာႏိုင္ပါတယ္။ UI ဟာ လုံးဝကို အနက္ေရာင္ျဖစ္သြားၿပီး OLED Display ဖုန္းေတြအတြက္ေတာ့ အမွန္တကယ္ကို ဘက္ထရီသုံးစြဲမႈလည္း ေလွ်ာ့ခ်ေပးမွာ ျဖစ္ပါတယ္။

Dark Mode ဟာ OLED Display ဘက္ထရီသုံးစြဲမႈကို သာမန္ထက္ 63% အထိ ေလွ်ာ့ခ်ေပးႏိုင္တာ ျဖစ္ပါတယ္။ သုံးစြဲသူေတြအတြက္ ေနာက္ထပ္ အားသာခ်က္တစ္ခုကေတာ့ မ်က္ႏွာျပင္ေနရာအေတာ္မ်ားမ်ားကို အနက္ေရာင္နဲ႔ ျဖည့္ေပးထားတဲ့အတြက္ အျမင္အာ႐ုံအားစိုက္ရျခင္းလည္း ေလ်ာ့က်သြားသလို၊ ျပင္းထန္တဲ့အလင္းေရာင္ေၾကာင့္ မ်က္စိေညာင္းညာျခင္းလည္း ေလ်ာ့က်လာေစတာပါ။

Ref: GSMArena

[Unicode]

iOS အတွက် Twitter Dark Mode ထွက်ရှိလာ

၂၀၁၈ နိုဝင်ဘာက ကျင်းပခဲ့တဲ့ Android Developer Summit မှာ Google က Dark Mode သုံးခြင်းကြောင့် ဘက်ထရီသက်တမ်းအပေါ် အကျိုးသက်ရောက်မှုရှိပုံအကြောင်းကို ဆွေးနွေးသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ Developer တွေဟာ ဒီဇိုင်းတွေမှာ နောက်ခံအဖြူထက် Dark ဆန်တဲ့ အရောင်တွေကို ပိုပြီးဦးတည်လာကြပါတော့တယ်။

၂၀၁၉ ကတော့ Dark Mode ပြောင်းလဲမှု အရှိန်ရလာတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ Google အပါအဝင် နည်းပညာကုမ္ပဏီအတော်များများက Dark Mode တွေကို ဖန်တီးလာကြတာပါ။ ပြီးခဲ့တဲ့ရက်တုန်းက Twitter ဟာ iOS အတွက် “Lights Out” လို့ နာမည်ပေးထားတဲ့ Dark Mode ကို ထုတ်ပေးခဲ့ပါတယ်။

Twitter ဟာ အရင်တုန်းကလည်း အပြာရောင်ကို အခြေခံထားတဲ့ Night Mode ကို ထောက်ပံ့ပေးထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက Dark Mode စစ်စစ်လို့ မပြောနိုင်ခဲ့ပါဘူး။ “Lights Out” ကတော့ တကယ့်ကို Dark Mode အစစ်လို့ ပြောနိုင်ပါတယ်။ UI ဟာ လုံးဝကို အနက်ရောင်ဖြစ်သွားပြီး OLED Display ဖုန်းတွေအတွက်တော့ အမှန်တကယ်ကို ဘက်ထရီသုံးစွဲမှုလည်း လျှော့ချပေးမှာ ဖြစ်ပါတယ်။

Dark Mode ဟာ OLED Display ဘက်ထရီသုံးစွဲမှုကို သာမန်ထက် 63% အထိ လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက် နောက်ထပ် အားသာချက်တစ်ခုကတော့ မျက်နှာပြင်နေရာအတော်များများကို အနက်ရောင်နဲ့ ဖြည့်ပေးထားတဲ့အတွက် အမြင်အာရုံအားစိုက်ရခြင်းလည်း လျော့ကျသွားသလို၊ ပြင်းထန်တဲ့အလင်းရောင်ကြောင့် မျက်စိညောင်းညာခြင်းလည်း လျော့ကျလာစေတာပါ။

Ref: GSMArena