[Zawgyi]

Microsoft ရဲ႕ Foldable Device ေတြအေၾကာင္းေျပာရင္ လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဇြန္လေလာက္ကို ျပန္သြားရပါလိမ့္မယ္။ အဲဒီအခ်ိန္တုန္းကတည္းက Microsoft ရဲ႕ Foldable Device မူပိုင္ခြင့္သတင္းအေၾကာင္း ေျပာခဲ့ၾကၿပီး Surface event ေတြမွာ တရားဝင္ထုတ္ေျပာလာမယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကတာပါ။

Microsoft ရဲ႕ မူပိုင္ခြင့္တင္ထားတဲ့ဒီဇိုင္းေတြကိုၾကည့္လိုက္မယ္ဆိုရင္ သူတို႔ရဲ႕ Foldable ဖုန္းဟာ အလယ္တည့္တည့္ကေန ေခါက္ခ်ိဳးလိုက္ရင္ စမတ္ဖုန္းအျဖစ္ သုံးႏိုင္ၿပီး ျဖန႔္လိုက္ရင္ေတာ့ မ်က္ႏွာျပင္က်ယ္ကို ရရွိမွာ ျဖစ္ပါတယ္။ ဦးဆုံးစိတ္ဝင္စားခံရတာကေတာ့ Surface ဖုန္းလို႔ ယုံၾကည္ရတဲ့ “Project Andromeda” ျဖစ္ၿပီးေတာ့ ၂၀၁၈ တုန္းက ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ မေတြ႕ခဲ့ၾကရပါဘူး။

၂၀၁၉ ခုႏွစ္ မတ္လမွာ ထပ္ေတြ႕လာရတဲ့ မူပိုင္ခြင့္မွာေတာ့ ပတၱာဟာ မ်က္ႏွာျပင္ကို ၃၆၀ ဒီဂရီထိ လွည့္ႏိုင္ေအာင္ ျပဳျပင္ထားတဲ့ ပုံစံျဖစ္လာပါတယ္။ ၾသဂုတ္လ ေနာက္ဆုံးရက္မွာေတာ့ (WIPO) ကမာၻ႔ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံးမွာ ေနာက္ထပ္ မူပိုင္ခြင့္ပုံႏွစ္ခု ထပ္ေတြ႕ရျပန္ပါတယ္။ ဒီပုံေတြကလည္း Foldable နဲ႔ဆက္ႏြယ္ေနတဲ့ ပုံေတြပါပဲ။

အသစ္ေတြ႕ရတဲ့ မူပိုင္ခြင့္ပုံအရ မ်က္ႏွာျပင္ေတြဟာ ၃၆၀ ဒီဂရီလွည့္ႏိုင္သလို မ်က္ႏွာျပင္ႏွစ္ခုလုံးကိုလည္း အသုံးျပဳလို႔ရမယ့္ ပုံစံျဖစ္ပါတယ္။ ဥပမာအားျဖင့္ Tent mode မွာ အခ်က္ေပးနာရီေပၚလာၿပီး Convex mode မွာေတာ့ မ်က္ႏွာျပင္တစ္ခုဟာ Virtual QWERTY keyboard အျဖစ္ေျပာင္းၿပီး လက္ပ္ေတာ့ကြန္ပ်ဴတာ အေနနဲ႔ သုံးလို႔ရမယ့္ပုံစံ ျဖစ္ပါတယ္။

မူပိုင္ခြင့္ပုံေနာက္တစ္ခုကေတာ့ အတြင္းဘက္ ကိုယ္ထည္နဲ႔ေဘာင္ေတြမွာ သံလိုက္တပ္ဆင္ထားၿပီး ပိတ္ထားခ်ိန္အျပင္၊ မ်က္ႏွာျပင္ႏွစ္ခုကို ဖြင့္ထားခ်ိန္မွာလည္း ေနရာခ်ထားပုံကို ပိုၿပီး တည္တည္ၿငိမ္ၿငိမ္ရွိေစတဲ့ ပုံစံ ျဖစ္ပါတယ္။ သတင္းအရေတာ့ ဒီတစ္မ်ိဳးရဲ႕ ကုဒ္နာမည္ဟာ “Centaurus” ျဖစ္ၿပီး “Andromeda” နဲ႔မတူညီတဲ့ ပုံစံ ျဖစ္ပါတယ္။

“Centaurus” ဟာ စမတ္ဖုန္းအေနနဲ႔သုံးႏိုင္သလို Foldable တက္ဘလက္အေနနဲ႔လည္း သုံးႏိုင္ေအာင္ ဒီဇိုင္းထုတ္ထားတယ္လို႔ ဆိုႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က ဒီ Device ဟာ Microsoft ရဲ႕ Windows ပလက္ေဖာင္းမ်ိဳးစုံ ေမာင္းႏွင္ႏိုင္တဲ့ Windows Core OS ေမာင္းႏွင္မယ္လို႔ ယူဆရပါတယ္။ ဒီ OS ဟာ စမတ္ဖုန္း၊ တက္ဘလက္၊ နားၾကပ္၊ Desktop ကြန္ပ်ဴတာေတြအျပင္ အျခား Device ေတြမွာလည္း ေမာင္းႏွင္ႏိုင္မယ္လို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

Microsoft ဟာ Foldable Device ဒီဇိုင်း နောက်ထပ် နှစ်မျိုးကို မူပိုင်ခွင့်တင်ထားကြောင်းတွေ့ရ

Microsoft ရဲ့ Foldable Device တွေအကြောင်းပြောရင် လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လလောက်ကို ပြန်သွားရပါလိမ့်မယ်။ အဲဒီအချိန်တုန်းကတည်းက Microsoft ရဲ့ Foldable Device မူပိုင်ခွင့်သတင်းအကြောင်း ပြောခဲ့ကြပြီး Surface event တွေမှာ တရားဝင်ထုတ်ပြောလာမယ်လို့ မျှော်လင့်ခဲ့ကြတာပါ။

Microsoft ရဲ့ မူပိုင်ခွင့်တင်ထားတဲ့ဒီဇိုင်းတွေကိုကြည့်လိုက်မယ်ဆိုရင် သူတို့ရဲ့ Foldable ဖုန်းဟာ အလယ်တည့်တည့်ကနေ ခေါက်ချိုးလိုက်ရင် စမတ်ဖုန်းအဖြစ် သုံးနိုင်ပြီး ဖြန့်လိုက်ရင်တော့ မျက်နှာပြင်ကျယ်ကို ရရှိမှာ ဖြစ်ပါတယ်။ ဦးဆုံးစိတ်ဝင်စားခံရတာကတော့ Surface ဖုန်းလို့ ယုံကြည်ရတဲ့ “Project Andromeda” ဖြစ်ပြီးတော့ ၂၀၁၈ တုန်းက တွေ့ရမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် မတွေ့ခဲ့ကြရပါဘူး။

၂၀၁၉ ခုနှစ် မတ်လမှာ ထပ်တွေ့လာရတဲ့ မူပိုင်ခွင့်မှာတော့ ပတ္တာဟာ မျက်နှာပြင်ကို ၃၆၀ ဒီဂရီထိ လှည့်နိုင်အောင် ပြုပြင်ထားတဲ့ ပုံစံဖြစ်လာပါတယ်။ သြဂုတ်လ နောက်ဆုံးရက်မှာတော့ (WIPO) ကမ္ဘာ့ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံးမှာ နောက်ထပ် မူပိုင်ခွင့်ပုံနှစ်ခု ထပ်တွေ့ရပြန်ပါတယ်။ ဒီပုံတွေကလည်း Foldable နဲ့ဆက်နွယ်နေတဲ့ ပုံတွေပါပဲ။

အသစ်တွေ့ရတဲ့ မူပိုင်ခွင့်ပုံအရ မျက်နှာပြင်တွေဟာ ၃၆၀ ဒီဂရီလှည့်နိုင်သလို မျက်နှာပြင်နှစ်ခုလုံးကိုလည်း အသုံးပြုလို့ရမယ့် ပုံစံဖြစ်ပါတယ်။ ဥပမာအားဖြင့် Tent mode မှာ အချက်ပေးနာရီပေါ်လာပြီး Convex mode မှာတော့ မျက်နှာပြင်တစ်ခုဟာ Virtual QWERTY keyboard အဖြစ်ပြောင်းပြီး လက်ပ်တော့ကွန်ပျူတာ အနေနဲ့ သုံးလို့ရမယ့်ပုံစံ ဖြစ်ပါတယ်။

မူပိုင်ခွင့်ပုံနောက်တစ်ခုကတော့ အတွင်းဘက် ကိုယ်ထည်နဲ့ဘောင်တွေမှာ သံလိုက်တပ်ဆင်ထားပြီး ပိတ်ထားချိန်အပြင်၊ မျက်နှာပြင်နှစ်ခုကို ဖွင့်ထားချိန်မှာလည်း နေရာချထားပုံကို ပိုပြီး တည်တည်ငြိမ်ငြိမ်ရှိစေတဲ့ ပုံစံ ဖြစ်ပါတယ်။ သတင်းအရတော့ ဒီတစ်မျိုးရဲ့ ကုဒ်နာမည်ဟာ “Centaurus” ဖြစ်ပြီး “Andromeda” နဲ့မတူညီတဲ့ ပုံစံ ဖြစ်ပါတယ်။

“Centaurus” ဟာ စမတ်ဖုန်းအနေနဲ့သုံးနိုင်သလို Foldable တက်ဘလက်အနေနဲ့လည်း သုံးနိုင်အောင် ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ နောက်တစ်ချက်က ဒီ Device ဟာ Microsoft ရဲ့ Windows ပလက်ဖောင်းမျိုးစုံ မောင်းနှင်နိုင်တဲ့ Windows Core OS မောင်းနှင်မယ်လို့ ယူဆရပါတယ်။ ဒီ OS ဟာ စမတ်ဖုန်း၊ တက်ဘလက်၊ နားကြပ်၊ Desktop ကွန်ပျူတာတွေအပြင် အခြား Device တွေမှာလည်း မောင်းနှင်နိုင်မယ်လို့ သိရပါတယ်။

Ref: Phone Arena