[Zawgyi]

႐ိုက္တာသတင္းဌာနက ေဖာ္ျပတဲ့ သတင္းေဆာင္းပါးအရ Huawei နဲ႔ကုန္သြယ္မႈကို ေနာက္ထပ္ ရက္ ၉၀ တိုးျမႇင့္သတ္မွတ္လိုက္ၿပီးေနာက္ အေမရိကန္ အထက္လႊတ္ေတာ္အမတ္ေတြဟာ တ႐ုတ္ကုမၸဏီနဲ႔ ပတ္သက္တဲ့ ခြင့္ျပဳလိုင္စင္ ထုတ္ေပးမယ့္ကိစၥရပ္ေတြကို ရပ္တန႔္ဖို႔ တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။

အေမရိကန္ကူးသန္းေရာင္းဝယ္ေရးဌာနဟာ Huawei နဲ႔ကုန္သြယ္လိုတဲ့ အေမရိကန္ကုမၸဏီေတြအတြက္ ယာယီခြင့္ျပဳလိုင္စင္ကို စိစစ္ထုတ္ေပးသြားမယ္လို႔ဆိုခဲ့ၿပီး ေလွ်ာက္ထားတဲ့ကုမၸဏီကလည္း ၃၀၀ ေက်ာ္ရွိခဲ့ပါတယ္။ ဒါေပမယ့္ ထရမ့္ရဲ႕ ကတ္ဘိနက္အဖြဲ႕ဝင္ေတြကေတာ့ Huawei နဲ႔ ZTE တို႔ဟာ ႏိုင္ငံရဲ႕လုံၿခဳံေရးအတြက္ မယုံၾကည္ရတဲ့ ကုမၸဏီေတြပဲလို႔ စြပ္စြဲေနဆဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းက အေမရိကန္ေရွ႕ေနခ်ဳပ္ William Barr က လည္း Universal Service Fund ကေန ေငြေၾကးလက္ခံရရွိတဲ့ေဒသနဲ႔ တယ္လီကြန္းေတြကို Huawei နဲ႔ ZTE ကုမၸဏီေတြအတြက္ ေငြေပးေခ်ျခင္းကို ရပ္တံ့ဖို႔ တိုက္တြန္းတဲ့ စာတစ္ေစာင္ FCC ဥကၠ႒ Ajit Pai ဆီေပးပို႔ခဲ့ပါေသးတယ္။

အခုေတာ့ ပါတီႏွစ္ခုလုံးရဲ႕ ဥပေဒျပဳသူ ၁၅ ဦးပါဝင္တဲ့အဖြဲ႕ဟာ အေမရိကန္ကူးသန္းေရာင္းဝယ္ေရးဌာနကို ယာယီလိုင္စင္ထုတ္ေပးမယ့္ကိစၥ ရပ္တန႔္ဖို႔ လိုလားေၾကာင္း ဖိအားေပးေနတာပဲ ျဖစ္ပါတယ္။ ဌာနဘက္ကလည္း “အေမရိကန္ ျပည္ေထာင္စုရဲ႕ အမ်ိဳးသားလုံၿခဳံေရးနဲ႔ ႏိုင္ငံျခားေရးေပၚလစီ အက်ိဳးစီးပြားအတြက္ ထည့္သြင္းစဥ္းစားသြားမွာျဖစ္ၿပီး အႏၲရာယ္မရွိေစေရးအတြက္ အကန႔္အသတ္နဲ႔တိက်တင္းက်ပ္တဲ့လိုင္စင္ကိုပဲ ထုတ္ေပးသြားမွာျဖစ္တယ္” လို႔ ျပန္လည္တုံ႔ျပန္ထားပါတယ္။

Ref: Phone Arena

[Unicode]

Huawei နဲ့ ကုန်သွယ်ခွင့်လိုင်စင်ထုတ်ပေးမယ့်ကိစ္စကို အမေရိကန်အထက်လွှတ်တော်အမတ်များ ကန့်ကွက်နေ

ရိုက်တာသတင်းဌာနက ဖော်ပြတဲ့ သတင်းဆောင်းပါးအရ Huawei နဲ့ကုန်သွယ်မှုကို နောက်ထပ် ရက် ၉၀ တိုးမြှင့်သတ်မှတ်လိုက်ပြီးနောက် အမေရိကန် အထက်လွှတ်တော်အမတ်တွေဟာ တရုတ်ကုမ္ပဏီနဲ့ ပတ်သက်တဲ့ ခွင့်ပြုလိုင်စင် ထုတ်ပေးမယ့်ကိစ္စရပ်တွေကို ရပ်တန့်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနဟာ Huawei နဲ့ကုန်သွယ်လိုတဲ့ အမေရိကန်ကုမ္ပဏီတွေအတွက် ယာယီခွင့်ပြုလိုင်စင်ကို စိစစ်ထုတ်ပေးသွားမယ်လို့ဆိုခဲ့ပြီး လျှောက်ထားတဲ့ကုမ္ပဏီကလည်း ၃၀၀ ကျော်ရှိခဲ့ပါတယ်။ ဒါပေမယ့် ထရမ့်ရဲ့ ကတ်ဘိနက်အဖွဲ့ဝင်တွေကတော့ Huawei နဲ့ ZTE တို့ဟာ နိုင်ငံရဲ့လုံခြုံရေးအတွက် မယုံကြည်ရတဲ့ ကုမ္ပဏီတွေပဲလို့ စွပ်စွဲနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက အမေရိကန်ရှေ့နေချုပ် William Barr က လည်း Universal Service Fund ကနေ ငွေကြေးလက်ခံရရှိတဲ့ဒေသနဲ့ တယ်လီကွန်းတွေကို Huawei နဲ့ ZTE ကုမ္ပဏီတွေအတွက် ငွေပေးချေခြင်းကို ရပ်တံ့ဖို့ တိုက်တွန်းတဲ့ စာတစ်စောင် FCC ဥက္ကဋ္ဌ Ajit Pai ဆီပေးပို့ခဲ့ပါသေးတယ်။

အခုတော့ ပါတီနှစ်ခုလုံးရဲ့ ဥပဒေပြုသူ ၁၅ ဦးပါဝင်တဲ့အဖွဲ့ဟာ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနကို ယာယီလိုင်စင်ထုတ်ပေးမယ့်ကိစ္စ ရပ်တန့်ဖို့ လိုလားကြောင်း ဖိအားပေးနေတာပဲ ဖြစ်ပါတယ်။ ဌာနဘက်ကလည်း “အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးပေါ်လစီ အကျိုးစီးပွားအတွက် ထည့်သွင်းစဉ်းစားသွားမှာဖြစ်ပြီး အန္တရာယ်မရှိစေရေးအတွက် အကန့်အသတ်နဲ့တိကျတင်းကျပ်တဲ့လိုင်စင်ကိုပဲ ထုတ်ပေးသွားမှာဖြစ်တယ်” လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။

Ref: Phone Arena