ယူကရိန်းရဲ့ ကွန်ပြူတာ ရာပေါင်းများစွာကို Virus နဲ့ တိုက်ခိုက်နေတယ်လို့ ဆိုက်ဘာ လုံခြုံရေး အဖွဲ့အစည်း ESET က ပြောပါတယ်။ ယူကရိန်း အာဏာပိုင်တွေက ဒီဖြစ်ရပ်ဟာ မှန်ကန်ပြီး ယူကရိန်းကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ သတင်းထုတ်ပြန်ထားပါတယ်။

Figurines with computers and smartphones are seen in front of the words "Cyber Attack", binary codes and the Ukrainian flag, in this illustration taken February 15, 2022. REUTERS/Dado Ruvic/Illustration/File Photo

ESET က ဒေတာတွေကို ဖျက်ဆီးတဲ့ Software ကို ယူကရိန်း နိုင်ငံရဲ့ ကွန်ပြူတာ ရာပေါင်းများစွာမှာ ထည့်သွင်းထားပြီး ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ဒီလို ပြုလုပ်နိုင်အောင် ကြိုတင် ကြံစည်ထားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဆိုက်ဘာ လုံခြုံရေး အဖွဲ့အစည်း Symantec ကလည်း ဒီဖြစ်ရပ်ကို လေ့လာ ဆန်းစစ်နေပြီး ယူကရိန်း ပြင်ပမှာပါ Virus ကူးစက်မှုတွေ ရှိနေတယ်လို့ပြောပါတယ်။

UK warned to bolster defences against cyber attacks as Russia threatens Ukraine - BBC News

အဲဒီ တိုက်ခိုက်မှုတွေရဲ့ တရားခံကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ရုရှားက ပြုလုပ်တာလို့ သံသယရှိနေကြပါတယ်။ ရုရှားဟာ ယူကရိန်းနဲ့ တခြား နိုင်ငံတွေကို ဆိုက်ဘာ တိုက်ခိုက်မှုတွေ ပြုလုပ်တယ်လို့ မကြာခဏ စွပ်စွဲခံထားရပေမယ့် ရုရှားကတော့ ငြင်းဆိုထားပါတယ်။

အခု တိုက်ခိုက်ခံရတဲ့အထဲမှာ ယူကရိန်း အစိုးရ အေဂျင်စီတွေနဲ့ ဘဏ်တွေ ပါဝင်နေပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ယူကရိန်း အစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးနဲ့ နိုင်ငံ လုံခြုံရေး ဌာနတွေရဲ့ ဝက်ဘ်ဆိုက်တွေ Down သွားခဲ့ပါတယ်။ အစိုးရက ဒါဟာ DDoS တိုက်ခိုက်မှုလို့ ပြောပါတယ်။

ရုရှားက ခရိုင်းမီးယားကို တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ယူကရိန်းဟာ ဆိုက်ဘာ တိုက်ခိုက်မှုတွေကို ခံနေရတာ ဖြစ်ပြီး ရုရှားကတော့ အဲဒီ တိုက်ခိုက်မှုတွေဟာ သူတို့နဲ့ မသက်ဆိုင်ဘူးလို့ အမြဲတမ်း ငြင်းဆိုခဲ့ပါတယ်။

Ref : reuters