[Zawgyi]

အေမရိကန္အစိုးရဟာ Huawei ကို နည္းပညာသုံးအစိတ္အပိုင္းေတြ ဆက္လက္ေရာင္းခ်လိုတဲ့ ကုမၸဏီေတြအတြက္ ခြင့္ျပဳခ်က္လိုင္စင္ ထုတ္ေပးဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္း အမည္မေဖာ္လိုတဲ့ တရားဝင္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက အတည္ျပဳေျပာဆိုလိုက္တယ္လို႔ သိရပါတယ္။

ဒီသတင္းနဲ႔ပတ္သက္ၿပီး ႐ိုက္တာ သတင္းဌာကလည္း ခိုင္မာတိက်တဲ့ ရင္းျမစ္ကတစ္ဆင့္ အတည္ျပဳခ်က္ရခဲ့ၿပီလို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္ ခြင့္ျပဳခ်က္လိုင္စင္ထုတ္ေပးမယ့္ လုပ္ငန္းစဥ္ကေတာ့ ႏွစ္ပတ္၊ ဒါမွမဟုတ္ ေလးပတ္ေလာက္ အခ်ိန္ယူမယ္လို႔ သိရပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ေမလကစၿပီး Huawei နဲ႔ေရာင္းဝယ္ေဖာက္ကားခြင့္ ပိတ္ပင္ခဲ့ၿပီးေနာက္ပိုင္း အေကာင္အထည္ေပၚလာတဲ့ တရားဝင္ခြင့္ျပဳခ်က္ ျဖစ္ပါတယ္။

ဒီရလဒ္ဟာ ဇြန္လတုန္းက က်င္းပျပဳလုပ္ခဲ့တဲ့ G20 Summit အတြင္း သမၼတ ထရမ့္ရဲ႕ “အေမရိကန္ကုမၸဏီေတြအေနနဲ႔ Huawei နဲ႔ ျပဳလုပ္ေနတဲ့ လုပ္ငန္းေတြ ဆက္ၿပီးလုပ္ကိုင္ခြင့္ရလိမ့္မယ္လို႔” ေျပာခဲ့တဲ့စကားကို လက္ေတြ႕အေကာင္အထည္ေဖာ္လိုက္တဲ့ ရလဒ္ပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္တုန္းကလည္း အေမရိကန္ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဌာနက တ႐ုတ္ရဲ႕ ဧရာမနည္းပညာကုမၸဏီႀကီးနဲ႔ ေရာင္းဝယ္ေဖာက္ကားခ်င္တဲ့ အေမရိကန္ကုမၸဏီေတြကို အထူးခြင့္ျပဳခ်က္ ထုတ္ေပးမယ္လို႔ ေျပာခဲ့ပါေသးတယ္။

ဒီမတိုင္မီတုန္းကေတာ့ အိမ္ျဖဴေတာ္ရဲ႕ ထုတ္ျပန္မႈမွာ အေမရိကန္ကုမၸဏီေတြအေနနဲ႔ Huawei အေရာင္းအဝယ္လုပ္ရာမွာ ႏိုင္ငံေတာ္လုံၿခဳံမႈကို မထိခိုက္ေစရဘဲ၊ ေဈးကြက္အတြင္း က်ယ္က်ယ္ျပန႔္ျပန႔္ရရွိေနတဲ့ နည္းပညာကိုပဲ ကုန္သြယ္ခြင့္ ရွိမယ္လို႔ ေဖာ္ျပခဲ့ဖူးပါတယ္။ ဒါေၾကာင့္ မၾကာခင္ထုတ္ေပးမယ့္ တရားဝင္ခြင့္ျပဳခ်က္လိုင္စင္မွာ ဘယ္လိုကန႔္သတ္ခ်က္ေတြ၊ လိုအပ္ခ်က္ေတြ ထည့္သြင္းလာမလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာပါ။

ဒါ့အျပင္ အေမရိကန္အစိုးရအေနနဲ႔ ႏိုင္ငံေတာ္လုံၿခဳံေရးအတြက္ အႏၲရာယ္ရွိေၾကာင္းသတ္မွတ္ၿပီး အမည္မည္း (နာမည္ပ်က္) စာရင္းသြင္းခဲ့တာကိုလည္း ျပန္လည္ပယ္ဖ်က္ေပးေၾကာင္း ေၾကျငာဖို႔ လိုအပ္ေနေသးတာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

လာမယ့်လအတွင်း အမေရိကန်ကုမ္ပဏီတွေကို Huawei နဲ့ ကုန်သွယ်ခွင့် အထူးလိုင်စင် ထုတ်ပေးတော့မယ်

အမေရိကန်အစိုးရဟာ Huawei ကို နည်းပညာသုံးအစိတ်အပိုင်းတွေ ဆက်လက်ရောင်းချလိုတဲ့ ကုမ္ပဏီတွေအတွက် ခွင့်ပြုချက်လိုင်စင် ထုတ်ပေးဖို့ အဆင်သင့်ဖြစ်နေကြောင်း အမည်မဖော်လိုတဲ့ တရားဝင်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောဆိုလိုက်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ရိုက်တာ သတင်းဌာကလည်း ခိုင်မာတိကျတဲ့ ရင်းမြစ်ကတစ်ဆင့် အတည်ပြုချက်ရခဲ့ပြီလို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ခွင့်ပြုချက်လိုင်စင်ထုတ်ပေးမယ့် လုပ်ငန်းစဉ်ကတော့ နှစ်ပတ်၊ ဒါမှမဟုတ် လေးပတ်လောက် အချိန်ယူမယ်လို့ သိရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့မေလကစပြီး Huawei နဲ့ရောင်းဝယ်ဖောက်ကားခွင့် ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း အကောင်အထည်ပေါ်လာတဲ့ တရားဝင်ခွင့်ပြုချက် ဖြစ်ပါတယ်။

ဒီရလဒ်ဟာ ဇွန်လတုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ G20 Summit အတွင်း သမ္မတ ထရမ့်ရဲ့ “အမေရိကန်ကုမ္ပဏီတွေအနေနဲ့ Huawei နဲ့ ပြုလုပ်နေတဲ့ လုပ်ငန်းတွေ ဆက်ပြီးလုပ်ကိုင်ခွင့်ရလိမ့်မယ်လို့” ပြောခဲ့တဲ့စကားကို လက်တွေ့အကောင်အထည်ဖော်လိုက်တဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်း အမေရိကန် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနက တရုတ်ရဲ့ ဧရာမနည်းပညာကုမ္ပဏီကြီးနဲ့ ရောင်းဝယ်ဖောက်ကားချင်တဲ့ အမေရိကန်ကုမ္ပဏီတွေကို အထူးခွင့်ပြုချက် ထုတ်ပေးမယ်လို့ ပြောခဲ့ပါသေးတယ်။

ဒီမတိုင်မီတုန်းကတော့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်မှုမှာ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ Huawei အရောင်းအဝယ်လုပ်ရာမှာ နိုင်ငံတော်လုံခြုံမှုကို မထိခိုက်စေရဘဲ၊ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ရရှိနေတဲ့ နည်းပညာကိုပဲ ကုန်သွယ်ခွင့် ရှိမယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒါကြောင့် မကြာခင်ထုတ်ပေးမယ့် တရားဝင်ခွင့်ပြုချက်လိုင်စင်မှာ ဘယ်လိုကန့်သတ်ချက်တွေ၊ လိုအပ်ချက်တွေ ထည့်သွင်းလာမလဲဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိကြောင်းသတ်မှတ်ပြီး အမည်မည်း (နာမည်ပျက်) စာရင်းသွင်းခဲ့တာကိုလည်း ပြန်လည်ပယ်ဖျက်ပေးကြောင်း ကြေငြာဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

Ref: GSM Arena