Zawgyi Font Version

(၂၀၁၈) ခုႏွစ္အတြက္ Smartphone ေလာကမွာ Trend အျဖစ္ဆံုးအရာကေတာ့ Notch ပါပဲ။ Notch ကိုထည့္သြင္းလာရတဲ့အေၾကာင္းကေတာ့ Notification Icon ေတြအတြက္ေနရာပိုရေအာင္ျဖစ္ျပီး Notch ထဲမွာ Earpiece, Camera Sensor ေတြနဲ႔ Face Unlock အတြက္ တစ္ျခား Sensor အပိုေတြပါထည့္သြင္းေပးထားပါတယ္။ Notch ကိုတစ္ျခားအသံုးဝင္တဲ့ အရာေတြအတြက္ အသံုးခ်ဖို႔အတြက္ Software Developer ေတြက တစ္ခ်ိန္လံုးစဥ္းစားေတြးေတာေနခဲ့ျပီး အခုအခါမွာေတာ့ XDA က Developer တစ္ေယာက္ကေန Oneplus 6 နဲ႔ Huawei P20 တို႔ရဲ႕ Notch ေတြကို Battery Indicator အျဖစ္အသံုးခ်ဖို႔ App တစ္ခုကိုေရးဆြဲခဲ့ပါတယ္။

အဆိုပါ App ကို “Notch Battery Bar လို႔ေခၚျပီး OnePlus 6 နဲ႔ Huawei P20 တို႔ရဲ႕ Notch ပတ္ပတ္လည္မွာ Battery Bar ကိုျမင္ရမွာပါ။ အဆိုပါ App ကို မေန႔ကပဲ XDA Website မွာတင္ခဲ့တာျဖစ္ျပီးအခုဆိုရင္ Playstore မွာရယူလို႔ရေနပါျပီ။ အဆိုပါ App ဟာ Huawei P20 နဲ႔ OnePlus 6 တို႔ေပၚမွာပဲ ေကာင္းေကာင္းမြန္မြန္ အလုပ္လုပ္မွာျဖစ္ပါတယ္။ တစ္ျခားဖုန္းေတြမွာလည္းစမ္းၾကည့္လို႔ရေပမယ့္ အဆိုပါ App ကိုေရးဆြဲခဲ့တဲ့ Developer ကေတာ့ တစ္ျခား Notch Phone ေတြနဲ႔ Notch မပါတဲ့ဖုန္းေတြမွာ အသံုးမဝင္ႏိုင္ဘူးလို႔ေျပာၾကားထားပါတယ္။ P20 ရဲ႕ Premium Version ျဖစ္တဲ့ P20 Pro မွာလည္း အဆိုပါ App အလုပ္လုပ္မယ္လို႔ အာမ မခံထားပါဘူး။ ဘာလို႔ဆို P20 Pro မွာ အဲ့ဒီ App ကိုမစမ္းၾကည့္ရေသးလို႔ပါတဲ့။

ပံုမွာျပထားတဲ့အတိုင္း Battery Indicator က Notch ပတ္ပတ္လည္ကို ေခြထားတာေတြ႔ႏိုင္ပါတယ္။ အဆိုပါ Battery Indicator က Battery ပမာဏေပၚလိုက္ျပီး အေရာင္ေျပာင္းသြားမွာျဖစ္ပါတယ္။ အားအျပည့္နီးပါးဆိုရင္ အစိမ္းေရာင္အျဖစ္ျမင္ရမွာပါ။ အားသြင္းေနရင္ေတာ့ အျပာေရာင္ေလးျမင္ရမွာပါ။ အဆိုပါ App ကို Free ေရာ Paid Version ေရာ ဝယ္ယူႏိုင္ျပီး Paid Version ကိုမဝယ္ယူခင္ အစမ္းသံုးၾကည့္ဖို႔ App ကိုေရးဆြဲထားတဲ့ Developer က အၾကံေပးထားပါတယ္။ အဆိုပါ App ဟာ Live Wallpaper အေနနဲ႔ ျပဳလုပ္ထားတာျဖစ္ျပီး Free Version မွာေတာ့ Wallpaper တစ္မ်ိဳးတည္းရရွိမွာပါ။ $0.99 ေပးရတဲ့ Paid Version ဝယ္ယူရင္ေတာ့ သင္ၾကိဳက္ႏွစ္သက္တဲ့ Wallpaper ေတြေရြးခ်ယ္အသံုးျပဳႏိုင္မွာပါ။

Ref: XDA

Unicode Version

(၂၀၁၈) ခုနှစ်အတွက် Smartphone လောကမှာ Trend အဖြစ်ဆုံးအရာကတော့ Notch ပါပဲ။ Notch ကိုထည့်သွင်းလာရတဲ့အကြောင်းကတော့ Notification Icon တွေအတွက်နေရာပိုရအောင်ဖြစ်ပြီး Notch ထဲမှာ Earpiece, Camera Sensor တွေနဲ့ Face Unlock အတွက် တစ်ခြား Sensor အပိုတွေပါထည့်သွင်းပေးထားပါတယ်။ Notch ကိုတစ်ခြားအသုံးဝင်တဲ့ အရာတွေအတွက် အသုံးချဖို့အတွက် Software Developer တွေက တစ်ချိန်လုံးစဉ်းစားတွေးတောနေခဲ့ပြီး အခုအခါမှာတော့ XDA က Developer တစ်ယောက်ကနေ Oneplus 6 နဲ့ Huawei P20 တို့ရဲ့ Notch တွေကို Battery Indicator အဖြစ်အသုံးချဖို့ App တစ်ခုကိုရေးဆွဲခဲ့ပါတယ်။

အဆိုပါ App ကို “Notch Battery Bar လို့ခေါ်ပြီး OnePlus 6 နဲ့ Huawei P20 တို့ရဲ့ Notch ပတ်ပတ်လည်မှာ Battery Bar ကိုမြင်ရမှာပါ။ အဆိုပါ App ကို မနေ့ကပဲ XDA Website မှာတင်ခဲ့တာဖြစ်ပြီးအခုဆိုရင် Playstore မှာရယူလို့ရနေပါပြီ။ အဆိုပါ App ဟာ Huawei P20 နဲ့ OnePlus 6 တို့ပေါ်မှာပဲ ကောင်းကောင်းမွန်မွန် အလုပ်လုပ်မှာဖြစ်ပါတယ်။ တစ်ခြားဖုန်းတွေမှာလည်းစမ်းကြည့်လို့ရပေမယ့် အဆိုပါ App ကိုရေးဆွဲခဲ့တဲ့ Developer ကတော့ တစ်ခြား Notch Phone တွေနဲ့ Notch မပါတဲ့ဖုန်းတွေမှာ အသုံးမဝင်နိုင်ဘူးလို့ပြောကြားထားပါတယ်။ P20 ရဲ့ Premium Version ဖြစ်တဲ့ P20 Pro မှာလည်း အဆိုပါ App အလုပ်လုပ်မယ်လို့ အာမ မခံထားပါဘူး။ ဘာလို့ဆို P20 Pro မှာ အဲ့ဒီ App ကိုမစမ်းကြည့်ရသေးလို့ပါတဲ့။

ပုံမှာပြထားတဲ့အတိုင်း Battery Indicator က Notch ပတ်ပတ်လည်ကို ခွေထားတာတွေ့နိုင်ပါတယ်။ အဆိုပါ Battery Indicator က Battery ပမာဏပေါ်လိုက်ပြီး အရောင်ပြောင်းသွားမှာဖြစ်ပါတယ်။ အားအပြည့်နီးပါးဆိုရင် အစိမ်းရောင်အဖြစ်မြင်ရမှာပါ။ အားသွင်းနေရင်တော့ အပြာရောင်လေးမြင်ရမှာပါ။ အဆိုပါ App ကို Free ရော Paid Version ရော ဝယ်ယူနိုင်ပြီး Paid Version ကိုမဝယ်ယူခင် အစမ်းသုံးကြည့်ဖို့ App ကိုရေးဆွဲထားတဲ့ Developer က အကြံပေးထားပါတယ်။ အဆိုပါ App ဟာ Live Wallpaper အနေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး Free Version မှာတော့ Wallpaper တစ်မျိုးတည်းရရှိမှာပါ။ $0.99 ပေးရတဲ့ Paid Version ဝယ်ယူရင်တော့ သင်ကြိုက်နှစ်သက်တဲ့ Wallpaper တွေရွေးချယ်အသုံးပြုနိုင်မှာပါ။

Ref: XDA