vivo က တက်ဘလက် အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ vivo Pad Air လို့ အမည်ပေးထားပြီး ဧပြီလက ကြေညာခဲ့တဲ့ vivo Pad2 ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပါတယ်။ vivo Pad Air မှာ 11.5” မျက်နှာပြင် တပ်ဆင်ထားပြီး Snapdragon 870 Chipset မောင်းနှင်ထားပါတယ်။ 44W Charging ထောက်ပံ့တဲ့ 8,500mAh Battery ထည့်သွင်းထားပါတယ်။

vivo Pad Air မှာ 11.5” IPS LCD 1840×2800 px မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်ဟာ 3:2 Aspect Ratio ဖြစ်ပြီး 5MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ အနောက်ဘက်မှာ 8MP Main ကင်မရာကို  စက်ဝိုင်းပုံသဏ္ဍာန် Island ထဲမှာ ထည့်သွင်းထားပါတယ်။

Qualcomm Snapdragon 870 Chipset မောင်းနှင်ထားပြီး 8/12GB RAM နဲ့ 512GB Storage အထိ ထောက်ပံ့ထားပါတယ်။ Android 13 အခြေပြု OriginOS 3 မောင်းနှင်ထားပြီး ပုံဆွဲဖို့နဲ့ မှတ်စုတွေ မှတ်သားဖို့ vivo Pencil2 ဒစ်ဂျစ်တယ်ဘောပင်နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။

vivo Pad Air အတွက် Brave Powder, Free Blue နဲ့ Easy Silver အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၂၄၇ ဒေါ်လာနဲ့ 12/512GB ကို ၃၅၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena