Zawgyi

Vivo အနေနဲ့ Vivo V9 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ Vivo V11 ကို လာမယ့် စက်တင်ဘာလ ၆ရက်နေ့မှာ မိတ်ဆက်သွားမယ်မှာ ဖြစ်ပါတယ်။ Vivo V11 စမတ်ဖုန်းဟာ မကြာသေးမီက ထွက်ရှိထားတဲ့ Vivo X21 လို ပုံစံမျိုးနဲ့ ပွဲထွက်လာနိုင်ဖွယ်ရှိပြီး In-Display Fingerprint Sensor လည်း ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။



Ref:gadgets.ndtv

Unicode

In-Display Fingerprint Sensor နဲ့ ပွဲထွက်လာမယ့် Vivo V9 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း Vivo V11

Vivo အနေနဲ့ Vivo V9 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ Vivo V11 ကို လာမယ့် စက်တင်ဘာလ ၆ရက်နေ့မှာ မိတ်ဆက်သွားမယ်မှာ ဖြစ်ပါတယ်။ Vivo V11 စမတ်ဖုန်းဟာ မကြာသေးမီက ထွက်ရှိထားတဲ့ Vivo X21 လို ပုံစံမျိူးနဲ့ ပွဲထွက်လာနိုင်ဖွယ်ရှိပြီး In-display Fingerprint Sensor လည်း ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

Vivo V11 ရဲ့ Display အပိုင်းအတွက် ၆.၄၁လက်မ မျက်နှာပြင် အကျယ်ရှိ Full-HD+ Display ကို အသုံးပြုထားနိုင်ပြီး Resolution ကတော့ 1080 x 2340 pixels ရှိနိုင်ပါတယ်။ Processor အပိုင်းအတွက် Qualcomm ရဲ့ Snapdragon 660 SoC ကို အသုံးပြုထားနိုင်ပြီး RAM အနေနဲ့ 6GB ပါဝင်နိုင်ဖွယ်ရှိပါတယ်။ Memory Storage ကိုတော့ 128GB အထိ ထည့်သွင်းထားနိုင်ပါတယ်။ နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 12MP+5MP Camera တွေကို တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 25MP Camera ကို တပ်ဆင်ထားနိုင်ပါတယ်။

ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3400mAh ထည့်သွင်းထားနိုင်ပြီး အဆင်မြှင့်တင်များ ပြုလုပ်ထားတဲ့ အမြန်အားသွင်းစနစ် ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ Vivo V11 ရဲ့ အလေးချိန်ဟာ ၁၅၆ဂရမ် ရှိနိုင်ပြီး Oppo F9 မှာ အသုံးပြုထားတဲ့ တြိဂံပုံစံ (Waterdrop Display) Notch ပါဝင်လာနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref:gadgets.ndtv