[Zawgyi]

Vivo V15 Pro ဟာ Vivo ရဲ႕ V-Series ေတြထဲက V15 နဲ႔အတူ ထြက္ေပၚလာမယ့္ ေနာက္ဆုံးထြက္ ဖုန္းျဖစ္လာပါလိမ့္မယ္။ ၿပီးခဲ့တဲ့ရက္ကပဲ V15 Pro နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေပါက္ၾကားမႈ ျဖစ္ေပၚခဲ့လို႔ V15 Pro အေၾကာင္းကို အေတာ္ေလးေတာ့ သိခဲ့ၾကရပါၿပီ။

V15 နဲ႔ V15 Pro ႏွစ္မ်ိဳးစလုံးမွာ Pop-up Selfie Camera ေတြ တပ္ဆင္ထားမွာျဖစ္ၿပီး NEX Series ေနရာမွာ အစားထိုးမယ့္ စမတ္ဖုန္းေတြလို႔ ယူဆရပါတယ္။ V15 Pro ဟာ Snapdragon 675 ကို အသုံးျပဳထားတာေၾကာင့္ Flagship လို႔သတ္မွတ္ဖို႔ကေတာ့ ခက္ခဲပါတယ္။ ဒါေပမယ့္ Snapdragon 675 မွာ ထည့္သြင္းတပ္ဆင္ထားတဲ့ Multi-core AI Engine က အရင္မ်ိဴးဆက္ Processor ေတြထက္ ၅၀% အထိ ပိုမိုျမန္ဆန္ေၾကာင္း Qualcomm က ေျပာၾကားထားပါတယ္။

V15 Pro ရဲ႕ ကိုယ္ထည္ဟာ ပုံမွန္ေရာင္ေျပးဖန္သားအုပ္ထားၿပီး အတြင္းဘက္မွာ စိန္ပုံစံ အကြက္ေလးေတြ ဖန္တီးထားပါတယ္။ ဒါ့အျပင္ အနီနဲ႔ အျပာေရာင္ကို ေရာင္ေျပးပုံစံ ေရာယွက္ထားတာကိုလည္း ေပါက္ၾကားထြက္ေပၚလာတဲ့ ဓါတ္ပုံမွာ ျမင္ေတြ႕ရပါတယ္။

ကိုယ္ထည္ရဲ႕ေနာက္ေက်ာမွာေတာ့ AI ကင္မရာသုံးလုံးအျပင္ တျခားဘာကိုမွ ျမင္ေတြ႕ရျခင္းမရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ Super AMOLED မ်က္ႏွာျပင္ထဲမွာ In-Display Fingerprint Reader တပ္ဆင္ထားလို႔ပဲ ျဖစ္ပါတယ္။ ေပါက္ၾကားလာတဲ့ ဓါတ္ပုံမွာေတာ့ အေရွ႕ဘက္ 32MP Pop-up selfie ကင္မရာကို ထုတ္မျပထားတဲ့အတြက္ အနည္းငယ္ေတာ့ မခ်င့္မရဲ ျဖစ္ရပါတယ္။

Vivo V15 Pro ဟာ လာမယ့္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ စတင္ျဖန႔္ခ်ိမယ္လို႔သိရၿပီး ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ကစၿပီး Preorder တင္ႏိုင္မယ္လို႔ သိရပါတယ္။ 6GB RAM နဲ႔ 128GB Storage ရွိတဲ့ ဒီ Vivo V15 Pro ကို $350 ဝန္းက်င္ (ျမန္မာေငြ ၅ သိန္း ၃ ေသာင္းဝန္းက်င္) နဲ႔ ေရာင္းခ်မယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

အနီနဲ့ အနက် ရောယှက်ထားတဲ့ကိုယ်ထည်နဲ့ Vivo V15 Pro ပုံထွက်ပေါ်လာ

Vivo V15 Pro ဟာ Vivo ရဲ့ V-series တွေထဲက V15 နဲ့အတူ ထွက်ပေါ်လာမယ့် နောက်ဆုံးထွက် ဖုန်းဖြစ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့ရက်ကပဲ V15 Pro နဲ့ပတ်သက်တဲ့ အချက်အလက်ပေါက်ကြားမှု ဖြစ်ပေါ်ခဲ့လို့ V15 Pro အကြောင်းကို အတော်လေးတော့ သိခဲ့ကြရပါပြီ။

V15 နဲ့ V15 Pro နှစ်မျိုးစလုံးမှာ Pop-up Selfie Camera တွေ တပ်ဆင်ထားမှာဖြစ်ပြီး NEX Series နေရာမှာ အစားထိုးမယ့် စမတ်ဖုန်းတွေလို့ ယူဆရပါတယ်။ V15 Pro ဟာ Snapdragon 675 ကို အသုံးပြုထားတာကြောင့် Flagship လို့သတ်မှတ်ဖို့ကတော့ ခက်ခဲပါတယ်။ ဒါပေမယ့် Snapdragon 675 မှာ ထည့်သွင်းတပ်ဆင်ထားတဲ့ Multi-core AI Engine က အရင်မျိူးဆက် Processor တွေထက် ၅၀% အထိ ပိုမိုမြန်ဆန်ကြောင်း Qualcomm က ပြောကြားထားပါတယ်။

V15 Pro ရဲ့ ကိုယ်ထည်ဟာ ပုံမှန်ရောင်ပြေးဖန်သားအုပ်ထားပြီး အတွင်းဘက်မှာ စိန်ပုံစံ အကွက်လေးတွေ ဖန်တီးထားပါတယ်။ ဒါ့အပြင် အနီနဲ့ အပြာရောင်ကို ရောင်ပြေးပုံစံ ရောယှက်ထားတာကိုလည်း ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံမှာ မြင်တွေ့ရပါတယ်။

ကိုယ်ထည်ရဲ့နောက်ကျောမှာတော့ AI ကင်မရာသုံးလုံးအပြင် တခြားဘာကိုမှ မြင်တွေ့ရခြင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ Super AMOLED မျက်နှာပြင်ထဲမှာ In-display fingerprint reader တပ်ဆင်ထားလို့ပဲ ဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ ဓါတ်ပုံမှာတော့ အရှေ့ဘက် 32MP Pop-up selfie ကင်မရာကို ထုတ်မပြထားတဲ့အတွက် အနည်းငယ်တော့ မချင့်မရဲ ဖြစ်ရပါတယ်။

Vivo V15 Pro ဟာ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စတင်ဖြန့်ချိမယ်လို့သိရပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစပြီး Preorder တင်နိုင်မယ်လို့ သိရပါတယ်။ 6GB RAM နဲ့ 128GB Storage ရှိတဲ့ ဒီ Vivo V15 Pro ကို $350 ဝန်းကျင် (မြန်မာငွေ ၅ သိန်း ၃ သောင်းဝန်းကျင်) နဲ့ ရောင်းချမယ်လို့ သိရပါတယ်။

Ref: GSMArena