Vivo ဟာ V20 Series ကို ထိုင်းနိုင်ငံမှာ စက်တင်ဘာလ ၂၁ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။ Vivo V20 Pro ဟာ ပြီးခဲ့တဲ့ လအနည်းငယ်က တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့တဲ့ Vivo S7 5G ကို ပြန်ပြီး မွမ်းမံထားတာ ဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။ တရားဝင် မိတ်ဆက်မှု မတိုင်ခင်မှာပဲ Playfuldroid ကနေ Vivo V20 နဲ့ Vivo V20 SE ရဲ့ တရားဝင် Render အချို့ကို ပြန်မျှဝေခဲ့ပါတယ်။

Render တွေအရ Vivo V20 နဲ့ Vivo V20 SE ရဲ့ မျက်နှာပြင်ကို Waterdrop Notch ပုံစံ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ Vivo V20 ကို Starry Black နဲ့ Gradient Blue အရောင်နှစ်မျိုးနဲ့ ရရှိနိုင်မှာ ဖြစ်ပြီး Vivo V20 SE ကတော့ Oxygen Blue နဲ့ Gravity Black ကာလာတွေနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Vivo V20 SE မှာ ဒေါင်လိုက် တပ်ဆင်ထားတဲ့ ကင်မရာ သုံးလုံး ပါရှိမှာပါ။ Vivo V20 ကတော့ နောက်ကျောမှာ ကင်မရာ သုံးလုံး တပ်ဆင်ထားတဲ့ ပုံစံနဲ့ တွေ့ရမှာ ဖြစ်ပြီး Vivo V20 ရဲ့ နောက်ကင်မရာ ဖွဲ့စည်းပုံက Vivo X50 စီးရီးနဲ့ ဆင်တူမှာပါ။

V20 နဲ့ V20 SE မော်ဒယ် နှစ်မျိုးလုံးမှာ ၆.၄၄ လက်မ S-AMOLED မျက်နှာပြင်ပါရှိပြီး Full HD + Resolution နဲ့ Aspect Ratio 20: 9 ကို ထောက်ပံ့ပေးထားပါတယ်။ ဖုန်းနှစ်မျိုးလုံးက Screen-to-body အချိုး 90.12% ရှိပြီး FunTouchOS 11 ကို အခြေခံထားတဲ့ Android 10 နဲ့ တွေ့ရမှာပါ။ လက်ဗွေစနစ်ကတော့ In-Display လက်ဗွေ စနစ်နဲ့ ဖြစ်ပါတယ်။

Vivo V20 မှာ 44MP အရှေ့ ကင်မရာ ပါဝင်ပြီး Autofocus ကို ထောက်ပံ့ပေးပါတယ်။ Vivo V20 SE ကတော့ 32 MP Selfie ကင်မရာပါဝင်မယ်လို့ သိရပါတယ်။ အနောက်ကင်မရာတွေကတော့ Vivo V20 မှာဆိုရင် 64-megapixel + 8-megapixel + 2-megapixel ဆိုပြီး သုံးလုံးပါဝင်မှာ ဖြစ်ပြီး Vivo V20 SE မှာက 48-megapixel + 8-megapixel + 2-megapixel ပါဝင်မှာပါ။

ချစ်ပ်ဆက်ပိုင်းကို ပြောရမယ်ဆိုရင် Vivo V20 အတွက် Snapdragon 720G ကို သုံးထားပြီး ဘက္ထရီက 4,000mAh ကို ထောက်ပံ့ပေးထားပါတယ်။ V20 SE ကတော့ Snapdragon 665 SoC ကို သုံးထားပြီး ဘက္ထရီက 4,100mAh ပါ။ ဖုန်း နှစ်မျိုးလုံးက 8GB RAM / 128 GB Storage နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။

Ref – Gizmochina