vivo ကနေ စျေးကွက်ထဲမှာ မိတ်ဆက်လိုက်တဲ့ vivo V23 Series ဖုန်းတွေဟာ စတိုင်လ်ကျကျနဲ့ ကင်မရာကောင်းကောင်းစမတ်ဖုန်းကို ရှာနေတတ်တဲ့သူတွေအတွက် အသင့်တော်ဆုံးဖုန်းတွေလို့တောင် ပြောနိုင်ပါတယ်။ ဒါကြောင့် ဒီ vivo V23 Series ဖုန်းတွေထဲမှာ ဘယ်လိုမျိုး Feature တွေအဓိကပါဝင်နေသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

vivo V23 Series ဖုန်းတွေထဲမှာ V23 5G နဲ့ V23e ပါဝင်ပြီး အဓိကအနေနဲ့ V23 5G ဖုန်းဟာ ယခင် V Series ဖုန်းတွေထက် အားသာချက်တွေအများအပြားရှိလာပြီလို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် အခုခေတ်လူငယ်အများအပြား ဦးစားပေးလာကြတဲ့ Design ပိုင်းနဲ့ Camera ပိုင်းတွေမှာ လုံးဝကို ယခင်ထက်ပိုပြီး အားသာနေတာဖြစ်ပါတယ်။

Photo – vivo V23 5G

V23 5G ရဲ့ Camera ပိုင်းမှာဆိုရင် vivo V Series ဖုန်းတစ်လုံးဖြစ်တာနဲ့အတူ Selfie Camera ပိုင်းကို အထူးဂရုစိုက်ထားတာကို တွေ့ရပါတယ်။ ယခင် vivo ဖုန်းတွေထက် Megapixel ပိုင်းအရ အများဆုံးဖြစ်လာတဲ့ 50MP AF Portrait Selfie Sensor နဲ့ 8MP Ultrawide Camera တွေကို အသုံးပြုထားတာကြောင့် အရည်အသွေးအထူးကောင်းမွန်တဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ 50MP AF Portrait Selfie Sensor ကလည်း ISOCELL 3.0 နည်းပညာကို အခြေခံထားတာကြောင့် အလင်းရောင်ဝင်ရောက်မှုကို ပိုပြီးမြင့်မားစေသလို Eye Autofocus ပါဝင်တာကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်မျက်နှာကို ဝါးသွားတာမျိုးမရှိစေဘဲ အမြဲတမ်း Focus ပြတ်နေစေမှာဖြစ်ပါတယ်။ V23e မှာတော့ 50MP AF Portrait Selfie Camera ပါဝင်ပေမယ့် 8MP Ultrawide Camera တော့ ပါမလာပါဘူး။

Photo – vivo V23e

နောက်ထပ် vivo V23 Series ဖုန်းတွေမှာ Multi-Style Portrait ဆိုတဲ့ Feature တစ်ခုကိုလည်း ထည့်သွင်းထားပြီး ကိုယ်ရိုက်ကူးချင်တဲ့ Portrait ပုံတွေကို ပိုပြီးစတိုင်လ်ကျသွားစေမယ့် Effect တွေနဲ့ ရိုက်ကူးနိုင်မှာပါ။ ဒီ Multi-Style Portrait Feature မှာဆိုရင် နောက်ကွယ်က Bokeh Blur တွေ၊ Filter တွေနဲ့ Tone Style တွေကို စိတ်ကြိုက်ပြောင်းလဲနိုင်တာကြောင့် လုံးဝကို ရိုက်ကူးလိုက်တဲ့ Selfie ပုံတွေက ကွဲထွက်နေစေမှာဖြစ်ပါတယ်။

Back Camera ပိုင်းမှာလည်း 64MP Primary + 8MP Ultrawide + 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒီလိုမျိုး အရည်အသွေးကောင်းမွန်တဲ့ Back Camera Setup နဲ့လည်း ပူးပေါင်းပြီး Dual-View Video ၊ Double Exposure လိုမျိုး Feature တွေကို အသုံးပြုနိုင်သလို Night Mode အတွက်လည်း လှပတဲ့ဓါတ်ပုံတွေရရှိနိုင်မယ့် AI Extreme Night Portrait Feature ကို ထည့်သွင်းထားမှာဖြစ်ပါတယ်။

Photo – vivo V23 5G

နောက်ထပ် vivo V23 Series ရဲ့ အားသာချက်ကတော့ Design ပိုင်းပဲဖြစ်ပြီး တခြားသောစမတ်ဖုန်းတွေနဲ့ ယှဥ်ရင် လက်ထဲမှာ ကိုင်ထားလိုက်တာနဲ့ ထူးခြားလှပနေမှာ ကျိန်းသေပါတယ်။ အထူအနေနဲ့ 7.4mm အထိ ပါးလွှာတဲ့အပြင် အလေးချိန်ကလည်း 170g ဝန်းကျင်ပဲရှိတာက လက်ထဲမှာ သက်သောင့်သက်သာကိုင်ထားနိုင်စေမှာသေချာပါတယ်။ vivo V23 Series ဖုန်းတွေဟာ လေးထောင့်ဆန်ဆန် Design ပြုလုပ်ထားတာကြောင့် Premium Feeling ကိုပါရရှိစေမှာပါ။

အထူးခြားဆုံးအချက်ကတော့ vivo V23 5G ဖုန်းမှာ အသုံးပြုထားတဲ့ Color Changing Flourite AG Design ပဲဖြစ်ပါတယ်။ တကယ်ကို လက်ထဲမှာကိုင်ထားတဲ့အချိန်မှာ အရောင်တစ်မျိုးကို မြင်တွေ့ရမှာဖြစ်ပြီး နေရောင်အောက်မှာ အသုံးပြုနေတယ်ဆိုရင် နောက်ထပ်အရောင်တစ်မျိုးကို မြင်တွေ့ရအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါကလက်ရှိအချိန်မှာ ထွက်ရှိထားတဲ့ စမတ်ဖုန်းတွေနဲ့ ယှဥ်ရင် အလွန်ထူးခြားနေမှာဖြစ်ပြီး တကယ်ကို မတူညီတဲ့ Experience တစ်ခုကို ခံစားရစေမှာပါ။

vivo V23 5G ဖုန်းဆိုရင် ပထမဆုံးအနေနဲ့ vivo Myanmar ရဲ့ တရားဝင် 5G ဖုန်းတစ်လုံးလို့တောင် ပြောလို့ရသလို Performance ပိုင်းမှာလည်း စွမ်းဆောင်ရည်မြင့်မားတဲ့ MediaTek Dimensity 920 5G Chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။ RAM အနေနဲ့ 12GB အထိ ထည့်သွင်းပေးထားသလို Storage ပိုင်းမှာလည်း 256GB ပါဝင်မှာဖြစ်တာကြောင့် တကယ့် Flagship ဖုန်းတစ်လုံးလိုမျိုး စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာခေတ်စားလာတဲ့ Storage ကို RAM အနေနဲ့ ထပ်တိုးအသုံးပြုနိုင်မယ့် Extended RAM 2.0 ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

Battery ပိုင်းမှာလည်း vivo V23 5G ဖုန်းမှာ 4200mAh Battery နဲ့ V23e ဖုန်းမှာတော့ 4050mAh Battery ပါဝင်မှာဖြစ်ပါတယ်။ Fast Charging ပိုင်းအနေနဲ့ 44W FlashCharge Fast Charging နည်းပညာကြောင့် မိနစ်ပိုင်းအတွင်း အားအမြန်ဖြည့်ပေးနိုင်မှာပါ။ ယခု vivo V23 Series ဖုန်းတွေဟာ Android 12 OS ကို အခြေခံထားတဲ့ Funtouch OS 12 ကို အသုံးပြုလာမှာဖြစ်တာကြောင့် Software ပိုင်းမှာလည်း Latest ဖြစ်နေမှာပါ။

ဒီလိုမျိုး vivo V23 Series ဖုန်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ စျေးနှုန်းအနေနဲ့ V23 5G ကို ၁,၀၉၉,၈၀၀ ကျပ်၊ V23e ကို ၆၂၉,၈၀၀ ကျပ်နဲ့ အမြို့မြို့အနယ်နယ်က vivo Showroom တွေနဲ့ vivo ကောင်တာရှိတဲ့ မိုဘိုင်းဖုန်းအရောင်းဆိုင်တိုင်းတွေမှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။