vivo က Watch 3 စမတ်နာရီကို ကြေညာလိုက်ပြီး ဒီဇိုင်းက အရင်မျိုးဆက်နဲ့ တူပါတယ်။ Stainless Steel Rotating Crown တပ်ဆင်ထားပြီး Interface ကို Navigate လုပ်ဖို့နဲ့ တခြား Function တွေအတွက် Physical Button ထည့်ထားပါတယ်။

1.43” မျက်နှာပြင်ရဲ့ အထက်မှာ 3D Curved Glass ဖုံးအုပ်ထားပါတယ်။ 466x466p Resolution ရှိပြီး AOD Mode ပါပါတယ်။ ရေအနက် ၅ မီတာအထိ ဝတ်ဆင်နိုင်ပါတယ်။

Vivo Watch 3 With BlueOS, 1.43-Inch Display Launched: Price, Specifications | Technology News

vivo Watch 3 မှာ နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏ၊ အိပ်စက်မှု အခြေအနေ၊ စိတ်ဖိစီးမှုနဲ့ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကို တွက်ချက်ပေးနိုင်ပါတယ်။ Workout Mode ပေါင်း ၁၀၀ ကျော် ထောက်ပံ့ထားပါတယ်။

vivo Watch 3 မှာ ကုမ္ပဏီရဲ့ BlueOS Operating System မောင်းနှင်ထားပြီး NFC Car Key ၊ ကင်မရာ ထိန်းချုပ်မှုနဲ့ တခြား လုပ်ဆောင်ချက်တွေ ပါပါတယ်။ စမတ်နာရီမှာ ကဒ်တွေ သိမ်းဆည်းနိုင်ပြီး ငွေလက်ခံဖို့ QR Code ပြသပေးနိုင်ပါတယ်။

eSIM ထောက်ပံ့ထားပြီး 64MB RAM နဲ့ 4GB Storage ပါပါတယ်။ ၁၆ ရက် ဘက်ထရီ သက်တမ်း ခံတဲ့ 505mAh Battery တပ်ဆင်ထားပါတယ်။

vivo Watch 3 is official in one size, pioneers BlueOS - GSMArena.com news

vivo Watch 3 အတွက် Chen Yehei, Moonlight White, Starlight နဲ့ Bright Moon အရောင်တွေ ထုတ်လုပ်ထားပါတယ်။ သားရေ လက်ပတ်ကြိုးပါတဲ့ eSIM Version ကို ၁၉၁ ဒေါ်လာနဲ့ ရာဘာလက်ပတ်ကြိုး မော်ဒယ်ကို ၁၇၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အဲဒီလက်ပတ်ကြိုးတွေ ပါတဲ့ Bluetooth Version ကို ၁၆၄ ဒေါ်လာနဲ့ ၁၅၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

Ref : gizmochina