vivo က စွမ်းရည်မြင့် X100 Series ကို မကြာခင်က ကြေညာခဲ့ပြီး တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။ ပထမအသုတ် ရောင်းချရာမှာ စံချိန်တင် ရောင်းအားကောင်းနေပါတယ်။

Vivo X100 series

vivo X100 Series မှာ X100 နဲ့ X100 Pro တို့ ပါဝင်ပါတယ်။ vivo က X100 Series ရဲ့ ရောင်းအားကို ပိုစတာ တစ်ခုနဲ့ ကြေညာလိုက်ပါတယ်။ X90 Series နဲ့ တခြား vivo ဖုန်းတွေထက် ရောင်းအားကောင်းပြီး X100 Series ဟာ ယွမ် ၁ ဘီလီယမ် ( ဒေါ်လာ သန်း ၁၄၀ )ဖိုး ရောင်းချထားနိုင်ပါတယ်။

vivo X100 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၃,၉၉၉ ယွမ် (၅၆၁ ဒေါ်လာ) ဖြစ်ပြီး X100 Pro က ၄,၉၉၉ ယွမ် (၇၀၁ ဒေါ်လာ)က စပါတယ်။ အဲဒီဖုန်းတွေမှာာ အမိုက်စား Specs နဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။၊

အရှေ့ဘက်မှာ 6.78” LTPO OLED မျက်နှာပြင်၊ 120Hz Refresh Rate ၊ 1.5K Resolution နဲ့ 3,000 Nits Brightness ထည့်သွင်းထားပါတယ်။ MediaTek Dimensity 9300 SoC မောင်းနှင်ထားပြီး 16GB RAM နဲ့ 1TB Storage အထိ ရွေးချယ်နိုင်ပါတယ်။

Vivo X100 slated to launch in late 2023 as full-scale Dimensity 9300-powered flagship smartphone - NotebookCheck.net News

အဲဒီဖုန်းတွေရဲ့ အမိုက်ဆုံး အစိတ်အပိုင်းက ကင်မရာ ဖြစ်ပါတယ်။ X100  မှာ 50MP VCS Bionic Main , 64MP Zeiss Telephoto နဲ့ 50MP Ultrawide ကင်မရာတွေ တပ်ဆင်ထားပါတယ်။ X100 Pro မှာ 50MP 1-inch Sony IMX989 VCS Main, 50MP Zeiss APO Telephoto နဲ့ 50MP Ultrawide ကင်မရာတွေ ပါပါတယ်။

Ref : gizmochina