vivo က တရုတ်မှာ စွမ်းရည်မြင့် X100 နဲ့ X100 Pro ကို ကြေညာလိုက်ပါတယ်။ ဖုန်း ၂ လုံးဟာ ဒီဇိုင်းတူညီပြီး Specs အပိုင်းမှာ ကွဲပြားချက် အနည်းငယ်ပဲ ရှိပါတယ်။

vivo X100 series debuts with Dimensity 9300, X100 Pro brings 100mm Zeiss APO periscope

ဖုန်း ၂ လုံးစလုံးမှာ 6.78” AMOLED 1.5K မျက်နှာပြင်၊ 120Hz Refresh Rate ၊ HDR10+ နဲ့ 3,000 Nits Peak Brightness ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေဖတ် ကိရိယာနဲ့ IP68 စံနှုန်း ပါပါတယ်။

vivo X100 series debuts with Dimensity 9300, X100 Pro brings 100mm Zeiss APO periscope

ကင်မရာ အပိုင်းမှာ vivo X100 နဲ့ X100 Pro မှာ အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 50MP Main (OIS) , 50MP Ultrawide Angle နဲ့ 64MP (Pro မှာ 50MP) Telephoto (3x Optical , 100x Digital Zoom) တို့ ဖြစ်ပါတယ်။

Super Telephoto ကင်မရာမှာ ZEISS စံနှုန်း Vario-APO-Sonar Lens ကို သုံးထားပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ တပ်ဆင်ထားပါတယ်။ ဓါတ်ပုံ စွမ်းရည်မြင့်မားစေဖို့နဲ့ 4K Video Recording အတွက် vivo ရဲ့ V3 Imaging  Chip ပါပါတယ်။

Vivo X100

ဖုန်း ၂ လုံးစလုံးမှာ MediaTek Dimensity 9300 SoC မောင်းနှင်ထားပါတယ်။ LPDDR5T RAM နည်းပညာပါတဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်ပြီး 16GB RAM နဲ့ 1TB UFS 4 Storage အထိ ထည့်သွင်းထားပါတယ်။

X100 မှာ 5,000mAh နဲ့ X100 Pro မှာ 5,400mAh Battery တပ်ဆင်ထားပြီး 120W နဲ့ 100W Wired Charging တွေ အသီးသီး ထောက်ပံ့ထားပါတယ်။ X100 Pro မှာ 50W Wireless Charging ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Android  14 အခြေပြု OriginOS 4 မောင်းနှင်ထားပါတယ်။

ဖုန်း ၂ လုံးစလုံးအတွက် Star Trail Blue, Sunset Orange, White Moonlight နဲ့ Cheyne Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

X100 ရဲ့ တန်ဖိုးအနည်းဆုံး 12/256GB ကို ၅၄၈ ဒေါ်လာနဲ့ တန်ဖိုးအကြီးဆုံး 16GB/1TB ကို ၇၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

X100 Pro ရဲ့ တန်ဖိုးအနည်းဆုံး 12/256GB ကို ၆၈၅ ဒေါ်လာနဲ့ 16GB / 1TB ကို ၈၂၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။

တရုတ်မှာ ဒီလ ၂၁ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina