စမတ်ဖုန်း ကုမ္ပဏီတွေ အနေနဲ့ စမတ်ဖုန်း တစ်လုံးကို မိတ်ဆက်ပြီး လ အနည်းငယ် အကြာမှာ နောက်ထပ် အရောင်သစ် တစ်ရောင် ကို ထပ်မံ မိတ်ဆက် ပေးရတာ အကြိုက်တွေ့နေတဲ့ ပုံပါပဲ။ ယခုအခါမှာလည်း နာမည်ကြီး စမတ်ဖုန်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Vivo အနေနဲ့ ပြီးခဲ့တဲ့ မေလက မိတ်ဆက်ပေးခဲ့တဲ့ Vivo X21i စမတ်ဖုန်း အတွက် Night Purple အရောင် ကို ထပ်မံ မိတ်ဆက် ပေးလိုက်ပါတယ်။

အသစ်ထပ်မံ မိတ်ဆက်ပေးလိုက်တဲ့ Vivo X21i Night Purple မော်ဒယ် ရဲ့ ကျောဘက် အောက်ပိုင်းနားမှာ အပြာရောင် တောက်တောက်ကို မြင်တွေ့ရမှာ ဖြစ်ပြီး အပေါ်ဘက်ကို ရောက်လာတာနဲ့ အမျှ ခရမ်းရောင်ဘက် ကူးသွားတာ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Vivo X21i Night Purple မော်ဒယ်မှာ ခရမ်းပြာရောင်ကို ဖုန်းရဲ့ ကျောဘက်နဲ့ ဘေးဘောင်တွေမှာ မြင်တွေ့ရမှာ ဖြစ်ပြီး Front Panel အတွက်ကိုတော့ အမဲရောင် ကို အသုံးပြုထားပါတယ်။ Vivo X21i Night Purple မော်ဒယ်ဟာ အရင်တုန်းက မိတ်ဆက်ပေးခဲ့တဲ့ Vivo X21i မော်ဒယ်တွေ နဲ့ အရောင်ပိုင်းမှာသာ ကွဲပြား ခြားနားသွားမှာ ဖြစ်ပြီး Specifications ပိုင်းတော့ ကွဲပြားနေမှာ မဟုတ်ပါဘူး။

ဒါပေမယ့် Vivo X21i Night Purple မော်ဒယ်ကို RAM 4/ Internal 128 Storage မော်ဒယ် အဖြစ်နဲ့သာ ရောင်းချသွားမှာ ဖြစ်တာကြောင့် RAM 6/Internal 64 မော်ဒယ် ကို ဝယ်ယူချင်တယ် ဆိုရင်တော့ အခြားအရောင်တွေ ထဲကသာ ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Vivo X21i Night Purple မော်ဒယ်မှာ ၆.၂၈ လက်မ အရွယ်အစားရှိ Full HD+ (1080 x 2280 Pixels) Resolution Display ကို 19:9 Aspect Ratio နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Processor ပိုင်းမှာတော့ MekiaTek ရဲ့ Octa-Core Helio P60 Chipset ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ 4GB ပါဝင်မှာ ဖြစ်ပြီး Internal Storage 128 GB ပါဝင်မှာ ဖြစ်ပါတယ်။
ကင်မရာပိုင်းမှာတော့ Rear Camera အတွက် 12 MP f/1.8 + 5MP f/2.0 Dual Camera Setup ကို အသုံးပြုထားပြီး Front Camera အတွက် 24MP Camera ကို အသုံးပြု ထားပါတယ်။ Vivo X21i Night Purple မော်ဒယ်မှာ 3400 mAh ဘက်ထရီ ပါဝင်မှာ ဖြစ်ပြီး Operating System အနေနဲ့ Android 8.1 Oreo OS ကို အသုံးပြုထားပါတယ်။

Vivo X21i Night Purple မော်ဒယ် ကို လက်ရှိ အချိန်မှာ တရုတ်နိုင်ငံ အတွင်းမှာသာ ကန်ဒေါ်လာ ၃၉၀ ဒေါ်လာ ဝန်းကျင် နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး မကြာမီ အချိန်အတွင်းမှာ ကမ္ဘာ တစ်ဝှမ်းကို ဖြန့်ချီ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: Gizmo China