Vivo ဟာ မကြာခင်မှာပဲ သူ့ရဲ့ X60 စီးရီးကို မိတ်ဆက်တော့မယ်လို့ မျှော်လင့်ရပါတယ်။ ဒီစီးရီးသစ်မှာ X60, X60 Pro, X60 Pro+ နဲ့ X60s တို့ပါဝင်မှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ဒီစီးရီးသစ်မှာ အသုံးပြုထားမယ့် SoC ပိုင်းပါ။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းသတင်းကိုပြန်ကြည့်မယ်ဆိုရင် Vivo X60s 5G ဟာ မော်ဒယ်နံပါတ် V2006 နဲ့အတူ Geekbench မှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီတုန်းက Snapdragon 765G နဲ့ 8GB of RAM ကို တွဲဖက်ထားပြီး Android 10 မောင်းနှင်ထားတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် တူညီတဲ့မော်ဒယ်နံပါတ်နဲ့ Bluetooth certification လည်း ရရှိပြီး ဖြစ်ပါတယ်။

အဆိုပါ ဇူလိုင်လမကုန်ခင်ကတည်းက Danish UL (Demko) ရဲ့ Certified လည်းရရှိခဲ့ပြီးဖြစ်သလို 11V/3A (33W) charging ထောက်ပံ့မယ်ဆိုတာကိုလည်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အခုတော့ X60 Lineup ဟာ 3C certification လည်း ရရှိလာပါပြီ။ ဒီမှာလည်း 33W charging ကို ထောက်ပံ့ပေးထားကြောင်း ဖော်ပြလာပြန်ပါတယ်။ ဒါကြောင့် Vivo X60 စီးရီးမှာ အနိမ့်ဆုံး 33W တော့ထောက်ပံ့ထားမယ်လို့ ပြောနိုင်ပါတယ်။

Listing မှာ အခြားမော်ဒယ်နံပါတ်တွေအဖြစ် V2059A, V2047A နဲ့ V2046A တို့လည်း ပါဝင်နေပါသေးတယ်။ ဒီမော်ဒယ်နံပါတ်နဲ့ ဟန်းဆက်တွေဟာ ဘယ်စမတ်ဖုန်းနဲ့ဆက်နွယ်နေလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဒီမော်ဒယ်နံပါတ်သုံးခုလုံးဟာX60 Pro+ တော့မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ X60 Pro+ က ပိုမြန်တဲ့အားသွင်းနှုန်းထောက်ပံ့လာနိုင်တာကြောင့်ပါ။

X50 Pro+ ဟာ 44W အားသွင်းစနစ်နဲ့ ထွက်လာခဲ့တာပါ။ ဒါကြောင့် X60 Pro+ ကတော့ ပိုပြီးမြန်ဆန်တဲ့အားသွင်းစနစ်မဟုတ်ရင်တောင် အလားတူမြန်နှုန်းပဲဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ပြီးခဲ့တဲ့နိုဝင်ဘာလဆန်းပေါက်ကြားမှုမှာ X60 စီးရီးဟာ Exynos 1080 Chipset အသုံးပြုမယ်လို့ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena