[Zawgyi]

Vivo ကေတာ့ Triple Camera Setup တပ္ဆင္ထားတဲ့ Vivo Y17 စမတ္ဖုန္းကို အိႏၵိယမွာ မိတ္ဆက္လိုက္ပါၿပီ။ Y17 ဟာ Mid-Range စမတ္ဖုန္း အမ်ိဴးအစားအျဖစ္ ပြဲထြက္ခဲ့ေပမယ့္ Triple Camera Setup အျပင္ 5000mAh Battery နဲ႔ 18W Dual Engine Fast Charging စနစ္ေတြ ပါဝင္လာခဲ့ပါတယ္။

Display အပိုင္းအတြက္ Resolution 720 x 1544 pixels ရွိတဲ့ 6.35” LCD Display ကို အသုံးျပဳထားၿပီး Waterdrop Notch ဒီဇိုင္းနဲ႔ ျဖစ္ပါတယ္။ Processor အပိုင္းအတြက္ Helio P35 SoC (12nm) ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 128GB ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။

Triple Camera Setup မွာ 12MP Main Camera , 8MP Wide Angle Lens နဲ႔ 2MP Depth Sensor တို႔ကို ေပါင္းစပ္တပ္ဆင္ထားၿပီး 20MP Sensor ကို Selfie Camera အျဖစ္ တပ္ဆင္အသုံးျပဳထားပါတယ္။ Security အပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ ထည့္သြင္းတပ္ဆင္ထားပါတယ္။ 5000mAh battery ႀကီးကို MicroUSB ကေန တစ္ဆင့္ အားသြင္းႏိုင္မွာျဖစ္ၿပီး 18W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားပါတယ္။

ေလာေလာဆယ္မွာေတာ့ Vivo Y17 ကို အိႏၵိယႏိုင္ငံမွာသာ ဝယ္ယူရရွိႏိုင္မွာပါ။ ေစ်းႏႈန္းအေနနဲ႔ RAM 4GB + Storage 128GB ေမာ္ဒယ္ကို အိႏၵိယေငြ ၁၇၉၉၀ ႐ူပီး ( ျမန္မာေငြ ၄သိန္း ဝန္းက်င္) က်သင့္မွာ ျဖစ္ၿပီး Mineral Blue နဲ႔ Mystic Purple အေရာင္ ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မယ္လို႔ သိရပါတယ္။

Ref : Gizmochina

[Unicode]

Triple Camera Setup နဲ့ 5000mAh battery တွေပါတဲ့ Vivo Y17 ကို တရားဝင် မိတ်ဆက်သွားပြီ

Vivo ကတော့ Triple Camera Setup တပ်ဆင်ထားတဲ့ Vivo Y17 စမတ်ဖုန်းကို အိန္ဒိယမှာ မိတ်ဆက်လိုက်ပါပြီ။ Y17 ဟာ Mid-range စမတ်ဖုန်း အမျိူးအစားအဖြစ် ပွဲထွက်ခဲ့ပေမယ့် Triple Camera Setup အပြင် 5000mAh battery နဲ့ 18W Dual Engine Fast Charging စနစ်တွေ ပါဝင်လာခဲ့ပါတယ်။

Display အပိုင်းအတွက် Resolution 720 x 1544 pixels ရှိတဲ့ 6.35” LCD Display ကို အသုံးပြုထားပြီး Waterdrop Notch ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ Processor အပိုင်းအတွက် Helio P35 SoC (12nm) ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 128GB ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Triple Camera Setup မှာ 12MP Main Camera , 8MP Wide Angle Lens နဲ့ 2MP Depth Sensor တို့ကို ပေါင်းစပ်တပ်ဆင်ထားပြီး 20MP Sensor ကို Selfie Camera အဖြစ် တပ်ဆင်အသုံးပြုထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ ထည့်သွင်းတပ်ဆင်ထားပါတယ်။ 5000mAh battery ကြီးကို MicroUSB ကနေ တစ်ဆင့် အားသွင်းနိုင်မှာဖြစ်ပြီး 18W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။

လောလောဆယ်မှာတော့ Vivo Y17 ကို အိန္ဒိယနိုင်ငံမှာသာ ဝယ်ယူရရှိနိုင်မှာပါ။ စျေးနှုန်းအနေနဲ့ RAM 4GB + Storage 128GB မော်ဒယ်ကို အိန္ဒိယငွေ ၁၇၉၉၀ ရူပီး ( မြန်မာငွေ ၄သိန်း ဝန်းကျင်) ကျသင့်မှာ ဖြစ်ပြီး Mineral Blue နဲ့ Mystic Purple အရောင် ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Ref : Gizmochina