Vivo ဟာ ပြီးခဲ့တဲ့လတုန်းက Y33s ကို Helio G80 SoC နဲ့အတူ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ Dimensity 700 chip နဲ့မောင်းနှင်ပြီး 5G ကွန်ရက်လည်း ချိတ်ဆက်အသုံးပြုနိုင်တဲ့ ဗားရှင်းကို ထပ်မံပြီးမိတ်ဆက်လိုက်တာကို တွေ့ရပါတယ်။

Vivo Y33s 5G မှာ Android 12 အခြေခံ OriginOS Ocean အသုံးပြုထားပြီး 4GB/128GB, 6GB/128GB နဲ့ 8GB/128GB စတဲ့ မန်မိုရီနဲ့သိုလှောင်မှုတွေကို ရွေးချယ်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် 1TB အထိ သိုလှောင်မှုတိုးချဲ့နိုင်ဖို့အတွက် microSD ကတ်ပေါက်လည်း ပါရှိပါသေးတယ်။

Vivo Y33s 5G ဟာ 6.51-inch LCD မျက်နှာပြင်ထက်မှာ Waterdrop notch နဲ့အတူ 8MP selfie ကင်မရာတစ်လုံးကိုလည်း တပ်ဆင်ပေးထားပါတယ်။ ကျောဘက်မှာတော့ 13MP အဓိကကင်မရာကို 2MP macro unit နဲ့အတူ တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။ လုံခြုံရေးပိုင်းမှာ Biometric authentication အတွက် Fingerprint reader ကို ဘေးဘက်မှာတပ်ဆင်ပေးထားပါတယ်။

ဘက်ထရီကတော့ 5,000mAh ပမာဏဖြစ်ပြီး USB-C ပေါက်ကတစ်ဆင့် 18W မြန်နှုန်းနဲ့ အားသွင်းနိုင်မှာလည်း ဖြစ်ပါတယ်။ Vivo Y33s 5G ရဲ့ အသေးစိတ်အချက်အလက်အများစုကတော့ Vivo Y33s နဲ့ အတူတူပါပဲ။ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက Vivo Y55 5G ဗားရှင်းကို သေးငယ်တဲ့မျက်နှာပြင်၊ ကွဲပြားတဲ့ကင်မရာတပ်ဆင်မှုတွေနဲ့ ကြေညာခဲ့သလိုပါပဲ။

Vivo Y33s 5G ကို အရောင်သုံးမျိုးနဲ့ ထုတ်လုပ်ထားပြီး တရုတ်နိုင်ငံမှာ Vivo ရဲ့တရားဝင်ဝက်ဘ်ဆိုက်တွေကတစ်ဆင့် ကြိုတင်မှာယူမှုတွေပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ Vivo Y33s 5G ရဲ့ 4GB/128GB အခြေခံဗားရှင်းကို ($205 – ၃ သိန်း ၆ သောင်းခွဲဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။ နောက်ထပ် 2GB RAM မြင့်ချင်ရင်တော့ ($16 − ၃ သောင်းဝန်းကျင်) ထပ်ဆောင်းပေးရမှာပါ။ အမြင့်ဆုံးမော်ဒယ်ဖြစ်တဲ့ 8GB/128GB ကတော့ ($255 − ၄ သိန်း ခွဲဝန်းကျင်) ဖြစ်ပါတယ်။

Ref: GSM Arena