Apple Watch Series 8 ကို ၂၀၂၂ ခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ကြေညာနိုင်ပြီး ခန္ဓာကိုယ် အပူချိန် တိုင်းတာတဲ့ လုပ်ဆောင်ချက် ပါလာမယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ် အစောပိုင်းထွက်လာတဲ့ သတင်းအရ ၂၀၂၃ ခုနှစ်ထွက်မယ့် Apple Watch မှာတောင် ဒီလုပ်ဆောင်ချက် မပါလာနိုင်ဘူးလို့ သိရပါတယ်။ အခုတော့ နာမည်ကြီး လေ့လာဆန်းစစ်သူ Ming-Chi Kuo က Watch Series 8 မှာ ကိုယ်ခန္တာအပူချိန် တိုင်းတာတဲ့ လုပ်ဆောင်ချက်ပါလာမှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ ကြေညာမယ်လို့ ပြောလာပါတယ်။

Apple Watch Series 7

Kuo က အရင်နှစ်ထုတ် Watch Series 7 ဟာ EVT (Engineering Validation Test) မတိုင်ခင်မှာ တိုင်းတာတဲ့ Algorithm ဟာ အရည်အချင်း မပြည့်မှီခဲ့တဲ့အတွက် ခန္ဓာကိုယ် အပူချိန် တိုင်းတာတဲ့ လုပ်ဆောင်ချက် မပါလာခဲ့တာလို့ ပြောပါတယ်။

The Apple Watch Series 8 may finally arrive with this long-awaited novelty

စမတ်နာရီမှာ ခန္ဓာကိုယ် အပူချိန် တိုင်းတာဖို့အတွက် သီးခြား ဟာ့ဒ်ဝဲ မပါတဲ့အပြင် အရေပြား အပူချိန်ကိုပဲ မှီခိုရတဲ့အတွက် တိကျတဲ့ အဖြေထွက်ဖို့ Algorithm ဟာ မှန်ကန်ဖို့ လိုအပ်ပါတယ်။ Watch Series 8 ကို အမြောက်အများ မထုတ်ခင်မှာ Apple ဟာ အဲဒီ Algorithm ကို မှန်ကန်အောင် လုပ်နိုင်မယ်ဆိုရင် Series 8 မှာ ကိုယ်ခန္တာ အပူချိန် တိုင်းတာတဲ့ လုပ်ဆောင်ချက် ပါလာမှာပါ။

Kuo က Samsung ဟာ Galaxy Watch 5 မှာ အလားတူ ပြဿနာမျိုး ရင်ဆိုင်နေရပြီး Algorithm ကန့်သတ်ချက်တွေကြောင့် ခန္ဓာကိုယ် အပူချိန်ကို မတိုင်းတာနိုင်သေးဘူးလို့ ပြောပါတယ်။

Ref : gsmarena