ဒီရက်ပိုင်း ထွက်ရှိလာတဲ့ Apple ရဲ့ Video တစ်ခုမှာ ဈေးကွက်ထဲ ရှိပြီးသား iPhone တွေမဟုတ်ဘဲ iPhone အသစ်တချို့ကို တွေ့ရပါတယ်။ ဒါ့အပြင် ဒီ iPhone အသစ်တွေဟာ iPhone X2 နဲ့ iPhone 9 ဖြစ်လာနိုင်တယ် ဆိုပြီး ကောလဟာလတွေလည်း ထွက်နေပါတယ်။ ဒါပေမယ့် Apple ကတော့ iPhone အသစ်တွေနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ အတည်ပြု ပြောကြားထားတာမျိုး မရှိသေးပါဘူး။

Video မှာပါတဲ့ iPhone X2 လို့ နာမည်ကြီးနေတဲ့ ဖုန်းဟာ 6.5-inch or 6.3-inch Screen ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အရင် iPhone X နဲ့ယှဉ်ရင် Screen size ပိုကြီးသွားတာကလွဲလို့ ဘာမှ သိပ်ပြောင်းလဲသွားတာ မတွေ့ရပေမယ့် iPhone X2 ဟာ ဈေးအကြီးဆုံး iPhone အဖြစ်ဈေးကွက်မှာ ရပ်တည်လာနိုင်ပါတယ်။ အဲ့ဒါဆိုရင် iPhone 9 ကရော ဘယ်လိုဖြစ်လာနိုင်လဲ ? iPhone 9 ဟာ Video အရတော့ 6.1-inch All-Screen Design မှာ Notch လည်းပါဝင်လာဦးမှာပါ။

Source: fiamp3.com

ဒါ့ကြောင့် ရုတ်တရက် ကြည့်ရင် iPhone X နဲ့ သိပ်ကွာခြားမှာ မဟုတ်ပါဘူး။ ဒါ့အပြင် Apple ဟာ သူ့ရဲ့ iPhone အသစ်တွေကို OLED Display တွေပဲ သုံးမယ်လို့ဆိုထားပေမယ့် OLED Display က အရေအတွက် အကန့်အသတ်ရှိတဲ့အတွက် အခု ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ထွက်ရှိလာမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း iPhone 9 ကို LCD Display နဲ့ ထွက်ရှိလာမယ်ဆိုပြီး ကောလဟာလတွေ ထွက်လာတာဖြစ်ပါတယ်။

Source: Live Enhanced

ဒါပေမယ့် Apple ဆိုတာကလည်း မမျှော်လင့်ထားတွေ လုပ်ပြတတ်တဲ့အတွက် ဒီ iPhone အသစ်တွေမှာ ဘာတွေပါလာမလဲ ဆိုတာ မသေချာသေးပါဘူး။ သင်ထင်ထားတာထက်တောင် ပိုနေနိုင်ပါတယ်။ ဒါ့ကြောင့် ဘာမှမသေချာသေးတဲ့ အခြေအနေမှာ Apple ရဲ့ Surprise တွေကိုသာ စောင့်ကြည့်ကြပါလို့ပဲ အကြံပေးချင်ပါတယ်။