Signal ဟာ လုံခြုံစိတ်ချရတဲ့ Encrypted Messaging App ၁ ခု ဖြစ်ပြီး သင့် Message တွေ ခိုးယူမခံရအောင် ကာကွယ်ပေးနိုင်ပါတယ်။  WhatsApp, Facebook Messenger, Skype, iMessage နဲ့ SMS တို့ထက် Signal က ပိုမိုလုံခြုံပါတယ်။  Signal ကို Android , iPhone , iPad , Windows, Mac နဲ့ Linux အတွက် ထုတ်လုပ်ပေးထားပြီး သင့်မှာ ဖုန်းနံပါတ် ၁ ခုရှိတာနဲ့ အခမဲ့ သုံးနိုင်ပါတယ်။

Signal ကို သုံးရတာ Facebook Messenger , WhatsApp နဲ့ တခြား နာမည်ကြီး Chat App တွေနဲ့ အရမ်း တူပါတယ်။ Signal မှာ One-To-One Messages, Groups, Stickers, Photos, File Transfers, Voice Calls, နဲ့ Video Calls လုပ်ဆောင်ချက်တွေ ထည့်ထားပါတယ်။ Group Chat မှာ လူပေါင်း ၁၀၀၀ အထိ ပါဝင်နိုင်ပြီး Group Call ဆိုရင် လူ ၈ ယောက်အထိ ပြောနိုင်ပါတယ်။

Signal မှာ သင့် ဒေတာတွေကို ဘယ်လို ကာကွယ်ပေးထားသလဲ?

Signal ကို Non-profit Foundation ၁ ခုက ဖန်တီးထားတာ ဖြစ်ပြီး သင့် ဒေတာတွေကို ခိုးမကြည့်သလို ကြော်ငြာတွေလည်း မပြသပါဘူး။ End-to-end Encrypted ဖြစ်တဲ့အတွက် Signal ရဲ့ ပိုင်ရှင်တွေတောင် သင့် ဒေတာတွေကို ခိုးကြည့်လို့ မရပါဘူး။ Conversation ထဲမှာပါတဲ့ လူတွေကပဲ မြင်နိုင်ပါတယ်။ ဥပမာပြောရရင် Facebook က Facebook Messenger က သင့်ဒေတာတွေကို ကြည့်နိုင်ပါတယ်။ Facebook ကတော့ ဒီလို မလုပ်ဘူးလို့ ပြောထားပေမယ့် ယုံကြည်လို့ မရပါဘူး။ Signal မှာ Self-destructing Messages လို တခြား လုံခြုံရေး လုပ်ဆောင်ချက်တွေလည်း ပါပါတယ်။ Facebook က သင့် ဒေတာများစွာကို ရယူထားပြီး Signal ကတော့ ဘာမှကို မယူထားတာပါ။ Signal မှာ သင့် ဒေတာတွေကို သင့် ဖုန်းထဲမှာပဲ သိမ်းထားတာပါ။

Signal ကို ဘယ်လို အသုံးပြုရမလဲ?

Signal ကို အောက်ပါလင့်တွေကနေ အင်စတောလုပ်နိုင်ပါတယ်။

Download

Apple App Store

Google Play Store

အင်စတောလုပ်ပြီးရင် သင့် ဖုန်း နံပါတ်ထည့်ပေးပါ။ Signal က သင့် Contacts တွေကို အသုံးပြုခွင့်တောင်းပါလိမ့်မယ်။ ခွင့်မပြုရင်ရပေမယ့် ခွင့်ပြုပေးရင်တော့ သင့် Contacts တွေနဲ့ လွယ်လွယ်ကူကူ ချိတ်ဆက်နိုင်မှာပါ။ ပြီးရင်တော့ သင့် Contacts ထဲက Signal သုံးနေသူတွေနဲ့ စကားပြောနိုင်ပါပြီ။

signal.org/download/ ကနေလည်း Windows , Mac , Linux အတွက် Signal Desktop App တွေကို ရယူနိုင်ပါတယ်။ သင့် ဖုန်းနဲ့ ကွန်ပြူတာက Message တွေကို Signal က Sync ပြုလုပ်ပေးမှာပါ။ Signal က ဒီလုပ်ဆောင်ချက်ကို Optional အဖြစ် ပြုလုပ်ပေးထားပါတယ်။

ref : howtogeek