အရင်က Google Home ကို ဥာဏ်ရည်မြင့် အသံချဲ့စက် (Speaker) အဖြစ်ဘဲအသုံးပြုခဲ့ကြပေမယ့် အခုဆိုရင်တော့ ဟင်းချက်တဲ့နည်းလမ်း ၅ သန်းကျော်ကို တစ်ဆင့်ချင်းစီး အသံနဲ့ ပြောပြပေးနိုင်ပါပြီ။

ဒီလို လုပ်ဆောင်ချက်အသစ် လုပ်ဆောင်နိုင်လာတာက Update လုပ်လိုက်တဲ့ Google Assistant ကြောင့်ဘဲ ဖြစ်ပါတယ်။

အဲ့ဒီ Google Assistant က Google Pixel စမတ်ဖုန်းတွေနဲ့ Google Home ကို ချိတ်ပေးပြီး စွမ်းဆောင်ရည်မြင့် လုပ်ငန်းတွေ လုပ်ဆောင်နိုင်အောင် ကူညီပေးလိုက်တာဖြစ်ပါတယ်။

Google Home က ဟင်းချက်တဲ့ အညွှန်းတွေကို ဖတ်နိုင်စွမ်းရှိပါတယ်။ အဲ့ဒီ အချိန်မှာ Google Assistant ရဲ့ ထိန်းညှိပေးမှုကြောင့် တစ်ကြိမ်မှာ အညွှန်းတစ်ကြောင်းကို ဘဲ ဖတ်ပြမှာပါ။ Google Assistant ကို သင်က နောက်တစ်ဆင့်သွားဖို့ အသံပေးမှ Google Home က နောက်တစ်ဆင့် ဖတ်ပြမှာဖြစ်ပါတယ်။

လုပ်ပုံလုပ်နည်း အဆင့်ဆင့်

  • Google Assistant သုံးပြီး Google ကနေ ဖြစ်ဖြစ် iOS ဒါမှမဟုတ် Android တွေရဲ့ app ကနေ တစ်ဆင့် ဟင်းချက်အညွှန်းကို ရှာပါ။
  • လိုချင်တဲ့ ဟင်းချက်အညွှန်းကို ရွေးချယ်ပြီး “Send to Google Home” ကို ရွေးလိုက်ပါ။
  • အဲ့နောက် “Ok Google, start cooking” (Google ဟင်းချက်ဖို့ စတင်လို့ရပါပြီ) ပြောလိုက်ပါ။
  • Google Home ကပြောတဲ့ တစ်ဆင့်ချင်းစီ ချက်သွားရုံပါဘဲ။

ပိုပြီး ရှင်းလင်းသွားအောင် အောက်မှာ ဗီဒီယို Link လေးပေးထားပါတယ်။ ကြည့်လိုက်ကြဦးနော်။