WhatsApp ဟာ အသုံးပြုသူတွေ စိတ်ချမ်းသာစေမဲ့ တိုးတက်ပြောင်းလဲမှုအချို့ကို ကြေညာလိုက်ပါတယ်။ ဒီအပြောင်းအလဲက App ရဲ့ Privacy policy ပိုင်းဆိုင်ရာတိုးတက်မှုလို့ဆိုနိုင်ပြီး ဒီနေ့ခေတ်ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးတဲ့ လုပ်ဆောင်ချက်လို့လည်း ဆိုနိုင်ပါတယ်။

တကယ်တော့ Messaging platform အတော်များများမှာ “Last Seen” Status ကို “Every One”, “Nobody” ဒါမှမဟုတ် “My Contacts” စသဖြင့် စိတ်ကြိုက်ရွေးချယ်ခွင့်ပြုနိုင်ခဲ့တာ ကြာပါပြီ။ Facebook က ပိုင်ဆိုင်တဲ့ WhatsApp မှာတော့ နောက်ကျပြီးမှ ရယူသုံးစွဲနိုင်တာပဲ ဖြစ်ပါတယ်။

WhatsApp ကို လစဉ်သုံးစွဲသူဦးရေဟာ ခန့်မှန်းခြေအားဖြင့် ၂ ဘီလီယံကျော်ရှိပါတယ်။ ဒါကြောင့် ကုမ္ပဏီအနေနဲ့ လက်ရှိသုံးစွဲသူတွေကို နှစ်သိမ့်ဖို့အတွက် ဒီလုပ်ဆောင်ချက်ကိုထည့်သွင်းပေးဖို့ ရွေးချယ်ခဲ့ဟန်ရပါတယ်။ “My Contacts Except…” နဲ့ နောက်ထပ် Update မှာ အသုံးပြုသူတွေဟာ Contact ထဲက ရွေးချယ်ထားတဲ့ နာမည်တွေအပါအဝင် အားလုံးကို “Last Seen” status မပြသစေဖို့ ရွေးချယ်လာနိုင်မှာ ဖြစ်ပါတယ်။

WhatsApp ရဲ့ Update နဲ့အတူ ပါဝင်လာမဲ့ဒီလုပ်ဆောင်ချက်ကို လတ်တလောမှာတော့ အသုံးပြုသူတွေဆီ ပို့ဆောင်ပေးသေးတာမဟုတ်ပါဘူး။ ဒါပေမဲ့ မကြာခင်အချိန်အတောအတွင်း Android နဲ့ iOS ဗားရှင်းနှစ်မျိုးစလုံးမှာ ရရှိမှာဖြစ်ပါတယ်။

WhatsApp မှာ လုံခြုံရေးပိုင်းဆိုင်ရာအဖြစ် နှစ်ဖက်စလုံးမှာမြင်နိုင်တဲ့ “Read” receipts ကိုလည်း ဖယ်ရှားထားနိုင်ပါတယ်။ အကယ်၍ ဒီလုပ်ဆောင်ချက်ကိုအသက်သွင်းချင်ရင်တော့ App ရဲ့ ညာဘက်ထိပ်ပိုင်းက အစက်သုံးစက်ကိုနှိပ်ပြီး Setting > Account > Privacy ကိုသွားပြီး “Read receipts” ကို ပိတ်ထားလိုက်လို့ရပါတယ်။

Ref: Phone Arena