အခုအချိန်ဟာ ကိုယ့်ရဲ့ Personal Information တွေ၊ Location တွေကို Tracking လုပ်မရအောင် ကြိုတင်ကာကွယ်ထားဖို့က အရေးကြီးတဲ့အချက်တစ်ခုဖြစ်နေပါပြီ။ ဒီနေရာမှာ နေ့စဥ်အသုံးပြုနေတဲ့ စမတ်ဖုန်းတွေကနေလည်း Tracking ပြုလုပ်နိုင်တဲ့အတွက် သတိထားသင့်ပါတယ်။

အခု Article မှာတော့ ကိုယ့်ရဲ့ စမတ်ဖုန်းကို Tracking အလွယ်တကူလိုက်မရနိုင်အောင် ပြင်ဆင်ထားနိုင်တဲ့အချက်အချို့ကို ဖော်ပြသွားမှာဖြစ်ပါတယ်။ Android စမတ်ဖုန်းတွေအနေနဲ့ ပိုပြီး ပြုလုပ်ဖို့လွယ်ကူသလို iOS Device တွေအနေနဲ့လည်း ဆင်တူတဲ့ Setting တွေကို ရှာတွေ့နိုင်မှာဖြစ်ပါတယ်။

Lock Screen ကို Password ပဲ ပြောင်းလဲထားပါ

အရင်ဆုံးဖုန်းကို Unlock တဲ့နေရာမှာ အခုနောက်ပိုင်းစမတ်ဖုန်းတွေမှာ ပါဝင်တဲ့ Face ID ၊ Fingerprint Unlock တွေဟာ တကယ်တမ်းလုံခြုံမှုပိုင်းမှာ Password ထက် အားနည်းပါတယ်။ အဲ့ဒီအတွက် အကောင်းဆုံးကတော့ တခြားသူတွေခန့်မှန်းဖို့ ခက်ခဲတဲ့ Password ထားထားတာက ပိုပြီးထိရောက်မှာဖြစ်ပါတယ်။ ဒီနေရာမှာ PIN Number လည်း ထားနိုင်တယ်ဆိုပေမယ့် Password ကတော့ ပိုပြီးထိရောက်မှာပါ။

Lock Screen Notification Content တွေကို ပိတ်ထားပါ

ဖုန်းကို Lock ပြုလုပ်ထားပေမယ့်လည်း ပုံမှန်အားဖြင့် အသုံးပြုသူအများစုဟာ Lock Screen Notification တွေကို ဖွင့်ထားတတ်ကြပါတယ်။ အဲ့ဒီအတွက် ဖုန်းကို စားပွဲပေါ်တင်ထားတာမျိုး အခြေအနေတွေမှာ ဘယ်သူတွေက Message ပေးပို့ထားတယ်၊ ဘယ် App တွေက Noti တက်နေသလဲဆိုတာကို တခြားသူတွေက အလွယ်တကူသိရှိနိုင်မှာဖြစ်ပါတယ်။ တချို့သော Message တွေ Notification တွေက အရေးကြီးအချက်အလက်တွေပါဝင်နိုင်တဲ့အတွက် အကောင်းဆုံးကတော့ Lock Screen Notification Content တွေကို Setting ကနေ တစ်ဆင့်ပိတ်ထားသင့်ပါတယ်။

Location ကို အတတ်နိုင်ဆုံးပိတ်ထားပါ

ဒါကတော့ အပြင်တွေသွားလာနေရတယ်ဆိုရင် မဖြစ်မနေကို ပြုလုပ်သင့်တဲ့အချက်ဖြစ်ပါတယ်။ ဖုန်း Setting ထဲက Location Service အပြင် Google ၊ Facebook လိုမျိုး Application ထဲက Location History ကိုပါ ပိတ်ထားပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Settings – Permissions ထဲမှာလည်း ဘယ် Application တွေက Location Data ကို ရယူနိုင်သလဲဆိုတာကို အမြဲတမ်းစစ်ဆေးပြီးတော့ အသုံးပြုနေတဲ့အချိန်မှာပဲ Location ကို ဖွင့်ထားတာ အကောင်းဆုံးဖြစ်မှာပါ။

Application တွေရဲ့ Permission ကို အမြဲတမ်းစစ်ဆေးပါ

ဒီအချက်ကတော့ တကယ်လို့ ကိုယ့်ဖုန်းထဲမှာ Application တွေ အများအပြားကို ထည့်သွင်းထားတယ်ဆိုရင် ပြုလုပ်ဖို့ ကျိန်းသေလိုအပ်ပါတယ်။ တခါတလေမှာ တချို့သော Application တွေက Background မှာ Location ၊ Microphone ၊ Contact အပြင် Camera လိုမျိုး Permission တွေကိုပါ မသိအောင် တိတ်တဆိတ်အသုံးပြုနိုင်ပါတယ်။ အဲ့ဒီအတွက် အမြဲတမ်း ဖုန်းရဲ့ Settings ထဲကနေ App Permission တွေကို မလိုအပ်ပါက အမြဲတမ်း Deny ပြုလုပ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဒီနေရာမှာ သတိထားသင့်တာက Reliable မဖြစ်တဲ့ Third-party App တွေအသုံးပြုမှုကိုလည်း လျော့ချသင့်ပါတယ်။ တချို့သော App တွေဟာ နောက်ကွယ်မှာ ကိုယ့်ရဲ့ Personal Information တွေကို ခိုးယူဖို့ပြုလုပ်ထားတဲ့အတွက် အကောင်းဆုံးကတော့ စိတ်ချရတဲ့ App တွေကိုပဲ Play Store သို့မဟုတ် Apple App Store ကနေပဲ Download ပြုလုပ်ပြီး အသုံးပြုရမှာပါ။

Camera ရိုက်မယ်ဆိုရင် Geo-tagging ကို ဖြုတ်ထားပါ

အခုနောက်ပိုင်းစမတ်ဖုန်းတွေမှာ ဓါတ်ပုံရိုက်လိုက်တာနဲ့ အဆိုပါ ဓါတ်ပုံကို ဘယ်နေရာမှာရိုက်ထားတာလဲဆိုတာကို ပြန်ကြည့်နိုင်တဲ့ Geo-tagging Feature ပါဝင်ပါတယ်။ ဒါက Location ကို အတိအကျ Map နဲ့ပါ ဖော်ပြနိုင်တဲ့အတွက် တကယ်လို့ ကိုယ်က အပြင်မှာ ဓါတ်ပုံတွေရိုက်ဖြစ်နေတယ်ဆိုရင် ကျိန်းသေ Setting ထဲက Geo-tagging Feature ကို ပိတ်ထားရမှာဖြစ်ပါတယ်။ တကယ်လို့ မပိတ်ထားမိဘူးဆိုရင် ဓါတ်ပုံကနေတစ်ဆင့် ရိုက်ကူးထားခဲ့တဲ့ တည်နေရာတွေကို ပြန်လည် Track ပြုလုပ်နိုင်မှာပါ။

ဒီအချက်ကတော့ စမတ်ဖုန်းကို အသုံးပြုရပြီဆိုတာနဲ့ လုံခြုံရေးအတွက်ဆောင်ရွက်သင့်တဲ့အချက်တွေဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတာကတော့ Mobile Data Wi-Fi FTTH Connection နဲ့ အသုံးပြုမယ်ဆိုရင်လည်း VPN ကို ကျိန်းသေအသုံးပြုသင့်ပါတယ်။ VPN ကို အသုံးပြုတဲ့နေရာမှာလည်း အခမဲ့ရရှိတဲ့ VPN တွေကို သုံးမယ်ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့ IP Address ကို တကယ် Hide ပြုလုပ်နိုင်သလားဆိုတာကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ အခကြေးငွေပေးပြီး ဝယ်ယူရတဲ့ Premium VPN App တွေက ရွေးချယ်စရာ Location လည်း ပိုပြီးများပြားသလို ပိုပြီးလည်း Privacy ကို စိတ်ချရစေမှာဖြစ်ပါတယ်။

Ref – Ranking Concepts