Microsoft ကနေ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကမိတ်ဆက်ခဲ့တဲ့ Windows 10 ဟာ အခုအချိန်မှာတော့ အသုံးပြုသူပေါင်း သန်း ၁,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိအချိန်မှာ လူသုံးအများဆုံးသော Desktop Operating System တစ်ခုဖြစ်တဲ့ Windows 10 ဟာ တခြားသော macOS နဲ့ Linus OS တို့ကို ထပ်ပြီး နောက်ကောက်ချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလတုန်းက Microsoft ကနေ Windows 10 ကို အသုံးပြုနေတဲ့သူ သန်း ၉၀၀ ရောက်ရှိသွားပြီလို့ ကြေညာခဲ့တဲ့အတွက် ဒီလိုမျိုး နောက်ထပ် သန်း ၁၀၀ ရရှိဖို့ကို အချိန် ၅ လောက်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

ဒီအသုံးပြုသူ သန်း ၁,၀၀၀ ပြည့်သွားတာကို Microsoft Italian Website ကနေ ကြေညာခဲ့တာဖြစ်ပြီးတော့ အခုလိုမျိုး ပြည့်သွားတဲ့အတွက် “Billion Thanks” ဆိုပြီး ဖော်ပြခဲ့ပါတယ်။ Microsoft ဟာ လက်ရှိအချိန်မှာ Windows 7 ကိုလည်း End of Life အနေနဲ့ ကြေညာလိုက်ပြီဖြစ်တဲ့အတွက် မကြာခင်မှာ Windows 10 အသုံးပြုသူတွေဟာ ယခုထက်များပြားလာဖို့ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်အထိ Windows 7 ကိုပဲ အသုံးပြုနေတဲ့သူရှိတယ်ဆိုရင်လည်း Windows 10 ကို အခမဲ့ Update ပြုလုပ်ဖို့ အကြံပြုလိုက်ပါတယ်။

Ref – Giz China