[Unicode]

Microsoft က Windows 10 PC ကနေ Your Phone App ကို အသုံးပြုပြီး ဖုန်း ခေါ်တာ၊ ဖုန်း လက်ခံတာတွေ လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဒီလုပ်ဆောင်ချက်ကို Windows Insiders Users တွေပဲ သုံးနိုင်ခဲ့တာပါ။ အခုတော့ Microsoft က Windows 10 Users အားလုံးအတွက် ဖြန့်ချိပေးလိုက်ပါပြီ။

Microsoft ရဲ့ Your Phone App ကို iOS နဲ့ Android ဖုန်း အားလုံးအတွက် ဖြန့်ချိပေးထားပါတယ်။ ဒါပေမယ့် App ရဲ့ စွမ်းဆောင်ရည်ဟာ တန်ဖိုးမြင့် Android ဖုန်းတွေမှာ ပိုကောင်းပါတယ်။ ဒါ့အပြင် App က Phone Gallery Function ကို အဆင့်မြှင့်ထားပါတယ်။ အခုဆိုရင် ဖုန်း ပြောဖို့အတွက် PC ရဲ့ ထိတွေ့မျက်နှာပြင်ကနေ ပြုလုပ်နိုင်ပါပြီ။ Dual SIM Cards ကို ထောက်ပံ့လာပြီး Message Notifications အသစ်တွေ ပါလာပါတယ်။ ဘက်ထရီ အခြေအနေကိုလည်း မြင်ရပြီး ဒစ်ဂျစ်တယ်ဘောပင်ကို ထောက်ပံ့တာနဲ့ Devices တွေကြားမှာ Copy/ Paste လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။

Microsoft က Windows 7 အတွက် Update တွေ မထုတ်ပေးတော့ဘူးလို့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ကြေညာခဲ့ပါတယ်။ Microsoft က Windows 10 ကို အဆင့်မြှင့်မယ့်အစား PC အသစ် ဝယ်ဖို့ Windows 7 Users တွေကို တိုက်တွန်းထားပါတယ်။

Ref : gizchina

[Zawgyi]

Windows 10 PC ကေန ဖုန္းေျပာႏိုင္ၿပီ

Microsoft က Windows 10 PC ကေန Your Phone App ကို အသုံးျပဳၿပီး ဖုန္း ေခၚတာ၊ ဖုန္း လက္ခံတာေတြ လုပ္ေဆာင္ႏိုင္တဲ့ စြမ္းရည္ကို ၿပီးခဲ့တဲ့ ဒီဇင္ဘာလက မိတ္ဆက္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက ဒီလုပ္ေဆာင္ခ်က္ကို Windows Insiders Users ေတြပဲ သုံးႏိုင္ခဲ့တာပါ။ အခုေတာ့ Microsoft က Windows 10 Users အားလုံးအတြက္ ျဖန႔္ခ်ိေပးလိုက္ပါၿပီ။

Microsoft ရဲ႕ Your Phone App ကို iOS နဲ႔ Android ဖုန္း အားလုံးအတြက္ ျဖန႔္ခ်ိေပးထားပါတယ္။ ဒါေပမယ့္ App ရဲ႕ စြမ္းေဆာင္ရည္ဟာ တန္ဖိုးျမင့္ Android ဖုန္းေတြမွာ ပိုေကာင္းပါတယ္။ ဒါ့အျပင္ App က Phone Gallery Function ကို အဆင့္ျမႇင့္ထားပါတယ္။ အခုဆိုရင္ ဖုန္း ေျပာဖို႔အတြက္ PC ရဲ႕ ထိေတြ႕မ်က္ႏွာျပင္ကေန ျပဳလုပ္ႏိုင္ပါၿပီ။ Dual SIM Cards ကို ေထာက္ပံ့လာၿပီး Message Notifications အသစ္ေတြ ပါလာပါတယ္။ ဘက္ထရီ အေျခအေနကိုလည္း ျမင္ရၿပီး ဒစ္ဂ်စ္တယ္ေဘာပင္ကို ေထာက္ပံ့တာနဲ႔ Devices ေတြၾကားမွာ Copy/ Paste လုပ္တာေတြ ျပဳလုပ္ႏိုင္ပါတယ္။

Microsoft က Windows 7 အတြက္ Update ေတြ မထုတ္ေပးေတာ့ဘူးလို႔ ၿပီးခဲ့တဲ့ ရက္သတၱပတ္ အနည္းငယ္က ေၾကညာခဲ့ပါတယ္။ Microsoft က Windows 10 ကို အဆင့္ျမႇင့္မယ့္အစား PC အသစ္ ဝယ္ဖို႔ Windows 7 Users ေတြကို တိုက္တြန္းထားပါတယ္။

Ref : gizchina