Flagship ဖုန်းလို့ပြောလိုက်ရင် Samsung ဆိုတာကြီးအရင်ပြေးမြင်ကြမှာပါ။ ပြီးမှတစ်ခုချင်းစဉ်းစားရင်း OnePlus ၊ Xiaomi ၊ HTC ၊ Sony စတာတွေအထိ သတိထားမိလာမှာပါ။ အဲ့ဒီထဲမှာ သတိမထားမိဆုံးက Essential-Ph 1 ဖြစ်မှာပါ။ ဒါပေမယ့် Essential ထက်ပိုပြီး လူသိနည်းတဲ့ဖုန်းတစ်လုံးလာတော့မှာပါ။

Sirin Labs ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက Flagship Android ဖုန်းတစ်လုံးထုတ်ဖို့ ပြင်ဆင်နေပါပြီ။ Finney လို့နာမည်ပေးထားပြီး Hal Finney ဆိုတဲ့ Bitcoin Developer တစ်ဦးရဲ့အမည်ကို အစွဲပြုပြီးပေးထာတာပါ။ Flagship ဖုန်းတစ်လုံးဖြစ်တဲ့အတွက် Specs တွေကတော့ ပြောစရာမလိုအောင်ကောင်းပါတယ်။

Finney မှာတော့ Qualcomm Snapdragon 845 Processor နဲ့အတူ 6 GB RAM ကိုသုံးပေးထားမှာဖြစ်ပါတယ်။ 128 GB Storage နဲ့လာမှာဖြစ်ပြီး ဈေးကတော့ မနည်းပါဘူး။ Camera တွေအနေနဲ့တော့ Main 12 MP Camera ကို Laser Focus နဲ့တွဲပေးထားပါတယ်။ Front Camera ကတော့ 8 MP ရှိမှာဖြစ်ပါတယ်။ Camera တွေက ဒီဖုန်းမှာ သိပ်အရေးမပါသလိုဖြစ်နေတာကြောင့် Camera ပိုင်းမှာတော့ စိတ်ဝင်စားဖို့ကောင်းမှာမဟုတ်ပါဘူး။

ဖုန်းကိုရောင်းချမယ့် ဈေးကွက်က သာမန်ဈေးကွက်အတွက် ရည်ရွယ်ပြီးထုတ်ထားတာမဟုတ်တာကြောင့် Dual Camera တွေ Bokeh တွေကို ဒီဖုန်းမှာတွေ့နိုင်မှာမဟုတ်ပါဘူး။ Finney ဖုန်းမှာ Crypto Currency ကိုသိမ်းထားပေးမယ့် Cloud Wallet တစ်ခု ပါမှာဖြစ်ပါတယ်။ အဲ့ဒီ Feature ကဖုန်းကို အသုံးမပြုတဲ့အချိန်အားလုံးမှာ Crypto Currency Feature ကို ဖုန်းနဲ့ လုံးဝအဆက်အသွယ်ဖြတ်ပေးထားမှာပါ။

နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကတော့ Finney ကို အလုံခြုံဆုံး Android ဖုန်းတစ်လုံးအဖြစ်ဖန်တီးထားတာပါ။ လိုအပ်ရင် ဖုန်းတစ်လုံးလုံးကို ဘယ်လိုမှ ဖောက်ဝင်လို့မရအောင် Lock လုပ်ပစ်နိုင်ပြီး ဖုန်းခေါ်တာနဲ့ Message ပို့တာ နှစ်ခုပဲလုပ်လို့ရအောင်အထိကို လုံခြုံရေး Feature တွေပါပါတယ်။ ဖုန်းမှာအသုံးပြုထားတဲ့ Fingerprint Scanner ကိုတော့ Ultra-Secure Fingerprint Scanner လို့ နာမည်ပေးထားပါတယ်။ $1000 ကျော်လောက်နဲ့ရောင်းချမယ်လို့ခန့်မှန်းရပါတယ်။ အရင်ကလည်း $14000 တန် ဖုန်းတစ်လုံးကို ထုတ်ရောင်းဖူးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပေမယ့် Sirin Labs ကိုသိတဲ့သူ နည်းပါတယ်။