Elon Musk ဟာ X (Twitter) လူမှုကွန်ရက်ကို ဝယ်ယူပြီးနောက်မှာ ကုမ္ပဏီရဲ့ တန်ဖိုးဟာ ၁ ရက်ကို ဒေါ်လာ သန်း ၇၀ နီးပါး ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ X ရဲ့ လက်ရှိ တန်ဖိုးဟာ ဒေါ်လာ ၁၉ ဘီလီယံပဲ ရှိတော့တယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီသတင်းကို X ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဘာမှ မတုန့်ပြန်ပါဘူး။

An illustration of the X logo next to a black-and-white sketch of Elon Musk

Musk ဟာ လွန်ခဲ့တဲ့ ၁ နှစ်အကြာက X ကို ဒေါ်လာ ၄၄ ဘီလီယံ သို့မဟုတ် ရှယ်ယာ ၁ ခုကို ၅၄.၂၀ ဒေါ်လာနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး အခုတော့ X ရဲ့ တန်ဖိုးဟာ ၅၅ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

အရင်နှစ် နိုဝင်ဘာလက Musk ဟာ X ကို မတန်တဆ ပေးထားရတယ်လို့ နောက်ပြောင်ခဲ့ပါသေးတယ်။

Musk ဟာ X ကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး အခုတော့ တန်ဖိုးဟာ ဒေါ်လာ ၁၉ ဘီလီယံပဲ ရှိတော့တဲ့အတွက် ၁ နှစ်အတွင်း ဒေါ်လာ ၂၅ ဘီလီယံ ကျဆင်းသွားတာပါ။ ၁ နှစ်မှာ ၅၂ ပတ်ရှိတဲ့အတွက် ဒေါ်လာ ၂၅ ဘီလီယံကို ၅၂ နဲ့ စားရင် ၁ ပတ်ကို ဒေါ်လာ သန်း ၄၈၀ ကျဆင်းသွားပါတယ်။ ၁ ပတ်မှာ ၇ ရက်ရှိတဲ့အတွက် ဒေါ်လာ သန်း ၄၈၀ ကို ၇ နဲ့ စားရင် ၁ ရက်ကို ဒေါ်လာ ၆၈.၅ သန်း ကျဆင်းသွားတာပါ။

Elon Musk's long obsession with the letter X | Fortune

Musk က X ကို ဝယ်ယူပြီးနောက်မှာ ကုမ္ပဏီဟာ တရားစွဲဆိုမှုတွေ၊ User  နဲ့ ကြော်ငြာရှင်တွေရဲ့ ဝေဖန်မှုတွေ၊ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေ၊  ပြိုင်ဖက် အသစ်တွေ၊ အမုန်းစကားတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ၊ သတင်းအမှားတွေ စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီလို ပြဿနာတွေ ရှိနေပေမယ့် X CEO Linda Yaccarino နဲ့ Musk တို့ကတော့ အကောင်းမြင်နေပါသေးတယ်။ Musk ဟာ X ကို ဝယ်ယူတာ ၁ နှစ်ပြည့်တဲ့နေ့မှာ Yaccarino က X ရဲ့ အနာဂတ်ဟာ တောက်ပနေတယ်လို့ ဘလော့ ဆောင်းပါး ၁ ခုမှာ ရေးသားထားပါတယ်။

Ref : businessinsider