Hamas က အစ္စရေးကို တိုက်ခိုက်ပြီးနောက်မှာ X လူမှုကွန်ရက်မှာ Hamas နဲ့ ပတ်သက်တဲ့ အကောင့် ရာပေါင်းများစွာကို ဖယ်ရှားလိုက်တယ်လို့ X ရဲ့ CEO Linda Yaccarino က ပြောပါတယ်။

From Twitter to X: Elon Musk faces major trademark challenges following sudden rebrand - World Trademark Review

ဘီလီယံနာ Elon Musk ပိုင်တဲ့ X မှာ သတင်းအမှားများစွာ ပျံ့နှံ့နေတယ်ဆိုတဲ့ တိုင်ကြားမှုများစွာ ထွက်ပေါ်လာပြီးနောက် အခုလို ပြုလုပ်လိုက်တာဖြစ်ပါတယ်။

Hamas ဟာ ဥရောပသမဂ္ဂရဲ့ Content စည်းကမ်းတွေကို ချိုးဖောက်တဲ့အတွက် အဲဒီ ဝါဒဖြန့်မှုတွေကို တိုက်ဖျက်ဖို့ ဥရောပသမဂ္ဂက Musk ကို ၂၄ နာရီ အချိန်ပေးပြီးနောက် X မှာ Hamas အကောင့်တွေကို ဖယ်ရှားလိုက်တာပါ။

ဥရောပသမဂ္ဂ အကြီးအကဲ Thierry Breton က ဥရောပသမဂ္ဂမှာ ဝါဒဖြန့်ဖို့နဲ့ တရားမဝင် သတင်းအချက်အလက်တွေ ဝေမျှဖို့ X ကို အသုံးချနေကြတယ်လို့ ပြောပါတယ်။

Elon Musk looks to scrap blocking feature from X, formerly Twitter - ABC News

ဥရောပသမဂ္ဂရဲ့ Digital Services Act (DSA) မှာ X နဲ့ Facebook အပါအဝင် အွန်လိုင်း ပလက်ဖောင်းတွေဟာ အများပြည်သူ လုံခြုံရေးကို ထိပါးစေတဲ့ တရားမဝင် Content တွေကို ဖယ်ရှားရမယ်လို့ ပြဌာန်းထားပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ ဝန်ထမ်းတွေ ပိုမို တာဝန်ပေးထားတယ်လို့ Yaccarino က ပြောပါတယ်။ Elon Musk က ဒီကိစ္စနဲ့ ပတ်သက်ပြီး “ ကျွန်တော့် ကုမ္ပဏီရဲ့ မူဝါဒက အားလုံးဟာ Open-source ဖြစ်ပြီး ပွင့်လင်းမြင်သာမှု ရှိရမှာပါ။ X မှာ စည်းမျဉ်းချိုးဖောက်တာတွေကို တွေ့ရင် ပြောကြပါ။ ဒါမှ အများပြည်သူ မြင်နိုင်မှာပါ။ “ လို့ ပြောပါတယ်။

အစ္စရေးကို တိုက်ခိုက်တာနဲ့ ပတ်သက်တဲ့ ဝါဒဖြန့်တာတွေကို တားဆီးဖို့ ဥရောပသမဂ္ဂက Facebook ပိုင်ရှင် Meta ကိုလည်း သတိပေးထားပါတယ်။

Ref: bangkokpost