ဧပြီလတုန်းက Xiaomi ဟာ USB-A Port အားသွင်းစနစ်နဲ့ Redmi Band တစ်ခုကို တရုတ်စျေးကွက်မှာ မိတ်ဆက်ခဲ့ပြီး Mi Band 4 နဲ့တူညီမှုအချို့ ပါဝင်ခဲ့ပါတယ်။ ယခု ဒီ Wearable ဟာ တရုတ်စျေးကွက်ပြင်ပကို ထွက်လာခဲ့ပြီး ထိုင်ဝမ်စျေးကွက်မှာ Xiaomi Mi Band 4C အမည်နဲ့ မိတ်ဆက်ခဲ့ပါတယ်။

Xiaomi Mi Band 4C ဟာ Mi Band 4 ထက် အားသာချက်အနည်းငယ်ပါဝင်ပြီး စျေးလည်း ပိုချိုပါတယ်။ ပိုကြီးတဲ့ OLED Screen နဲ့အတူ USB-A Port တစ်ခါတည်း ပါဝင်တယ်။ Mi Band 4 မှာ ဘက္ထရီသက်တမ်းကို ၂၀ ရက်လို့ ပြောထားပြီး 4C မှာတော့ ၁၄ ရက်ထိ ခံနိုင်မယ်ဆိုပေမယ့် သိပ်တော့ မဆိုးလှပါဘူး။

Mi Band 4C မှာ Mi Smart Band 4 လိုပဲ NFC မပါပါဘူး။ Xiaomi Taiwan ဟာ Mi Band 4C ကို ထိုင်ဝမ်ဒေါ်လာ ၄၉၅ (မြန်မာကျပ်ငွေ ၂ သောင်း ၃ ထောင်ဝန်းကျင်) နဲ့ ရောင်းချနေပြီး Mi Band 4 ထက် 33% လောက် စျေးပိုချိုပါတယ်။

Mi Band 4C ဟာ လိမ္မော်၊ အနက်၊ အပြာနဲ့ အိုလစ်အစိမ်းရောင် လေးမျိုးဖြင့် ရရှိနိုင်ပြီး တကယ်လို့ Strap အပိုတစ်ခုကိုပါ ယူဦးမယ်ဆိုရင်တောင် ထိုင်ဝမ်ဒေါ်လာ ၆၄၅ (မြန်မာငွေ သုံးသောင်း) သာ ကျသင့်မှာပါ။

Ref – GSMArena