Xiaomi 14 Ultra ကို 14 နဲ့အတူ MWC Barcelona မှာ ဒီလ ၂၅ ရက်နေ့ နိုင်ငံတကာအတွက် ကြေညာတော့မှာပါ။ အခုတော့ တရုတ်မှာ 14 Ultra ရဲ့ RAM/Storage Configuration တွေထွက်လာပါတယ်။ ဒါဟာ တရုတ် မော်ဒယ်အတွက် ဖြစ်ပါတယ်။

Xiaomi 14 Ultra price, configurations leaked, special titanium also tipped - Gizmochina

Xiaomi 14 Ultra ရဲ့ အခြေခံ မော်ဒယ်မှာ 12GB RAM/256GB Storage ထည့်သွင်းထားမယ်လို့ ဝီဘိုမှာ Tipster ၁ ယောက်က သတင်းပေးထားပါတယ်။ ဒါ့အပြင် 16GB RAM/512GB Storage နဲ့ 16GB RAM/1TB Storage မော်ဒယ်တွေလည်း ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

Xiaomi 14 Ultra will have a ridiculous battery capacity - GSMChina

တိုက်တေနီယမ် အထူးထုတ် မော်ဒယ်လည်း ထွက်လာမယ်လို့ သတင်းပေါက်ကြားလာပြီး 16GB/1TB ၁ မျိုးထဲ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ ရိုးရိုး 14 Ultra မှာ တိုက်တေနီယမ် ဖရိမ် ပါလာမှာ မဟုတ်ပါဘူး။ တိုက်တေနီယမ် အထူးထုတ် မော်ဒယ်ဟာ ရိုးရိုး မော်ဒယ် 16GB/1TB Version ထက် ယွမ် ၅၀၀ ( ၆၉ ဒေါ်လာ) ပိုများနိုင်ပါတယ်။

အရင်သတင်းတွေအရ Xiaomi 14 Ultra မှာ 6.73” 120Hz QHD+ LTPO AMOLED မျက်နှာပြင်၊ Snapdragon 8 Gen 3 SoC ၊ အနောက်ကင်မရာ ၄ လုံး( 50MP Main , 50MP Ultrawide, 50MP 3.2x Telephoto , 50MP 5x Telephoto ) ၊ 32MP အရှေ့ ကင်မရာ၊ IP68 Rating နဲ့ 90W Wired Charging ထောက်ပံ့တဲ့ 5,300mAh Battery ပါလာနိုင်ပါတယ်။ Android 14 အခြေပြု HyperOS မောင်းနှင်ထားမှာပါ။

Ref : gsmarena