Zawgyi

Xiaomi ကေန အခုအခ်ိန္မွာ Flagship Killer ဆုိျပီး ထုတ္ထားခဲ့တဲ့ Redmi K20 နဲ႔ K20 Pro စမတ္ဖုန္းေတြကို India မွာ မိတ္ဆက္လုိက္ျပီျဖစ္ပါတယ္။ ဒါ့အျပင္ Xiaomi ကေန ပံုမွန္ K20 Series ဖုန္းေတြတင္မဟုတ္ဘဲ လံုးဝ Special Edition တစ္ခုျဖစ္တဲ့ K20 Pro Signature Edition ကိုပါ ထုတ္ျပသြားခဲ့ပါတယ္။

ဒီ Redmi K20 Pro Signature Edition က လံုးဝ Luxury Device အေနနဲ႔ ထြက္ရွိလာမွာျဖစ္ျပီးေတာ့ ေစ်းႏႈန္းအေနနဲ႔ INR 480,000 လို႔သတ္မွတ္ထားတဲ့အတြက္ $7,000 နီးပါး၊ ျမန္မာေငြ သိန္း ၁၀၀ ေက်ာ္က်သင့္မွာလည္းျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ K20 Series ဖုန္းေတြကို လူၾကိဳက္မ်ားတဲ့ Price to Performance က ဒီေနရာမွာေတာ့ လံုးဝေျပာင္းျပန္ျဖစ္ေနျပီလုိ႔ ေျပာရမွာပါ။

အခုလုိမ်ိဳး ေစ်းၾကီးေနရတာကလည္း Xiaomi က ယခု K20 Pro Signature Edition ရဲ႕ Back Cover ကို လံုးဝ Solid Gold နဲ႔ လုပ္ထားတာေၾကာင့္ျဖစ္ျပီး ေနာက္ဖက္က K Logo ကိုလည္း Diamonds ေတြနဲ႔ အလွဆင္ထားတာျဖစ္ပါတယ္။

Xiaomi ကေတာ့ အခု K20 Pro Signature Edition ရဲ႕ Specs ေတြနဲ႔ ေရာင္းခ်မယ့္အခ်ိန္ကိုေျပာၾကားသြားျခင္းမရွိေပမယ့္ အလံုးေရ ၂၀ ပဲ ကန္႔သတ္ျပီး ထုတ္လုပ္သြားမွာျဖစ္တယ္လုိ႔ ေၾကညာခဲ့ပါတယ္။

ကဲ… Xiaomi ဖုန္းတစ္လံုးကို သိန္း ၁၀၀ ေက်ာ္ေပးကိုင္မယ့္သူေတြေရာရွိၾကေသးရဲ႕လား?

Ref – GSM Arena

Unicode

Xiaomi ကနေ အခုအချိန်မှာ Flagship Killer ဆိုပြီး ထုတ်ထားခဲ့တဲ့ Redmi K20 နဲ့ K20 Pro စမတ်ဖုန်းတွေကို India မှာ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် Xiaomi ကနေ ပုံမှန် K20 Series ဖုန်းတွေတင်မဟုတ်ဘဲ လုံးဝ Special Edition တစ်ခုဖြစ်တဲ့ K20 Pro Signature Edition ကိုပါ ထုတ်ပြသွားခဲ့ပါတယ်။

ဒီ Redmi K20 Pro Signature Edition က လုံးဝ Luxury Device အနေနဲ့ ထွက်ရှိလာမှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ INR 480,000 လို့သတ်မှတ်ထားတဲ့အတွက် $7,000 နီးပါး၊ မြန်မာငွေ သိန်း ၁၀၀ ကျော်ကျသင့်မှာလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် K20 Series ဖုန်းတွေကို လူကြိုက်များတဲ့ Price to Performance က ဒီနေရာမှာတော့ လုံးဝပြောင်းပြန်ဖြစ်နေပြီလို့ ပြောရမှာပါ။

အခုလိုမျိုး ဈေးကြီးနေရတာကလည်း Xiaomi က ယခု K20 Pro Signature Edition ရဲ့ Back Cover ကို လုံးဝ Solid Gold နဲ့ လုပ်ထားတာကြောင့်ဖြစ်ပြီး နောက်ဖက်က K Logo ကိုလည်း Diamonds တွေနဲ့ အလှဆင်ထားတာဖြစ်ပါတယ်။

Xiaomi ကတော့ အခု K20 Pro Signature Edition ရဲ့ Specs တွေနဲ့ ရောင်းချမယ့်အချိန်ကိုပြောကြားသွားခြင်းမရှိပေမယ့် အလုံးရေ ၂၀ ပဲ ကန့်သတ်ပြီး ထုတ်လုပ်သွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ကဲ… Xiaomi ဖုန်းတစ်လုံးကို သိန်း ၁၀၀ ကျော်ပေးကိုင်မယ့်သူတွေရောရှိကြသေးရဲ့လား?

Ref – GSM Arena