Zawgyi

Xiaomi ကေန Redmi Note 7 ဖုန္းနဲ႔အတူ Redmi Brand ကို သီးသန္႔ခြဲထြက္ခဲ့တာ အခုဆုိရင္ အခ်ိန္တစ္ခုရွိသြားျပီျဖစ္ပါတယ္။ ဒါေပမယ့္လည္း Redmi နာမည္နဲ႔ စမတ္ဖုန္းေတြပဲ ဆက္တုိက္ထြက္ရွိေနတာျဖစ္ျပီး တျခားေသာ Accessories ေတြကေတာ့ မထြက္ရွိေသးပါဘူး။

ဒါေပမယ့္လည္း အခုအခ်ိန္မွာေတာ့ Xiaomi ကေန Redmi Brand နဲ႔ Power Bank အသစ္ေတြကို မိတ္ဆက္ေပးလုိက္ျပီျဖစ္ပါတယ္။ ဒီ Power Bank ေတြက Redmi Brand ျဖစ္တဲ့အတြက္ ေစ်းႏႈန္းအရလည္း ေတာ္ေတာ္ေလးကိုသက္သာေနတာကိုေတြ႕ရပါတယ္။

ဒီ Redmi Power Bank ေတြကေတာ့ 10000mAh (PB100LZM) နဲ႔ 20000mAh (PB200LZM) ေတြပဲျဖစ္ျပီးေတာ့ အေရာင္အေနနဲ႔ အျဖဴေရာင္နဲ႔ပဲ ထြက္ရွိလာမွာပါ။ ဒီ Power Bank ၂ မ်ိဳးစလံုးက Dual USB-A Output ေတြပါဝင္ျပီးေတာ့ Input အေနနဲ႔လည္း MicroUSB ေရာ USB-C ေရာ ၂ မ်ိဳးလံုးထည့္သြင္းေပးထားတာျဖစ္ပါတယ္။

ဒါေပမယ့္ ဒီ Redmi Power Bank ၂ ခုမွာ ၾကီးမားတဲ့ကြာျခားခ်က္ရွိေနျပီးေတာ့ 10000mAh Power Bank က Maximum Output အေနနဲ႔ 5.1V 2.4A ပဲရွိမွာျဖစ္ျပီး 18W Fast Charging ကိုလည္း Support လုပ္ႏုိင္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ 20000mAh Version ကေတာ့ 18W Fast Charging စနစ္ကို Input ေရာ၊ Output ပါ လက္ခံႏုိင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ 20000mAh Version က 10000mAh ထက္ သိသိသာသာ အရြယ္အစားၾကီးသြားမွာလည္းျဖစ္ပါတယ္။

အခု Redmi Power Bank ေတြက 10000mAh Version ကို $9 ( ျမန္မာေငြ ၁၃,၅၀၀ ဝန္းက်င္ ) ဝန္းက်င္၊ 20000mAh Version ကို $15 ( ျမန္မာေငြ ၂၂,၅၀၀ ဝန္းက်င္ ) ဝန္းက်င္နဲ႔ပဲ ေရာင္းခ်သြားမွာျဖစ္တဲ့အတြက္ လက္ရွိ Power Bank ေတြထဲမွာ ေတာ္ေတာ္ေလးကို တန္တယ္လုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။

Ref – Gizmo China

Unicode

Xiaomi ကနေ Redmi Note 7 ဖုန်းနဲ့အတူ Redmi Brand ကို သီးသန့်ခွဲထွက်ခဲ့တာ အခုဆိုရင် အချိန်တစ်ခုရှိသွားပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း Redmi နာမည်နဲ့ စမတ်ဖုန်းတွေပဲ ဆက်တိုက်ထွက်ရှိနေတာဖြစ်ပြီး တခြားသော Accessories တွေကတော့ မထွက်ရှိသေးပါဘူး။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ Xiaomi ကနေ Redmi Brand နဲ့ Power Bank အသစ်တွေကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီ Power Bank တွေက Redmi Brand ဖြစ်တဲ့အတွက် ဈေးနှုန်းအရလည်း တော်တော်လေးကိုသက်သာနေတာကိုတွေ့ရပါတယ်။

ဒီ Redmi Power Bank တွေကတော့ 10000mAh (PB100LZM) နဲ့ 20000mAh (PB200LZM) တွေပဲဖြစ်ပြီးတော့ အရောင်အနေနဲ့ အဖြူရောင်နဲ့ပဲ ထွက်ရှိလာမှာပါ။ ဒီ Power Bank ၂ မျိုးစလုံးက Dual USB-A Output တွေပါဝင်ပြီးတော့ Input အနေနဲ့လည်း MicroUSB ရော USB-C ရော ၂ မျိုးလုံးထည့်သွင်းပေးထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီ Redmi Power Bank ၂ ခုမှာ ကြီးမားတဲ့ကွာခြားချက်ရှီနေပြီးတော့ 10000mAh Power Bank က Maximum Output အနေနဲ့ 5.1V 2.4A ပဲရှိမှာဖြစ်ပြီး 18W Fast Charging ကိုလည်း Support လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် 20000mAh Version ကတော့ 18W Fast Charging စနစ်ကို Input ရော၊ Output ပါ လက်ခံနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ 20000mAh Version က 10000mAh ထက် သိသိသာသာ အရွယ်အစားကြီးသွားမှာလည်းဖြစ်ပါတယ်။

အခု Redmi Power Bank တွေက 10000mAh Version ကို $9 ( မြန်မာငွေ ၂၂,၅၀၀ ဝန်းကျင် ) ဝန်းကျင်၊ 20000mAh Version ကို $15 ( မြန်မာငွေ ၁၃,၅၀၀ ဝန်းကျင် ) ဝန်းကျင်နဲ့ပဲ ရောင်းချသွားမှာဖြစ်တဲ့အတွက် လက်ရှိ Power Bank တွေထဲမှာ တော်တော်လေးကို တန်တယ်လို့တောင် ပြောလို့ရပါတယ်။

Ref – Gizmo China